မာတိကာဆီ ကျော်သွား

မေ ၁၇၊ ၂၀၁၇
အမေရိကန်

သမိုင်းဝင် ဘရွတ်ကလင်​ရှိ ၁၀၇၊ ကိုလံဘီယာ​ဟိုက်၊ ဌာနချုပ် လူနေ​ဆောင်​ဟောင်း​ကို ရောင်းချဖို့ သက်သေခံ​များ သဘောတူ

သမိုင်းဝင် ဘရွတ်ကလင်​ရှိ ၁၀၇၊ ကိုလံဘီယာ​ဟိုက်၊ ဌာနချုပ် လူနေ​ဆောင်​ဟောင်း​ကို ရောင်းချဖို့ သက်သေခံ​များ သဘောတူ

နယူးယောက်။ ၂၀၁၇ ခု၊ မေလ ၉ ရက်​နေ့မှာ ယေဟောဝါ​သက်သေ​များနဲ့ တွဲဖက် က​လ​စ်​ပါ အိမ်​ခြံမြေ အကျိုးဆောင်​ကုမ္ပဏီ​တို့ဟာ နယူးယောက်၊ ဘရွတ်ကလင်​ဟိုက်​မှာ တည်ရှိတဲ့ ၁၀၇၊ ကိုလံဘီယာ​ဟိုက်​ကို ရောင်းချဖို့ သဘောတူ​လိုက်​ကြပါတယ်။ ဒီ​အဆောက်အဦ​ဟာ ၁၉၆၀ ပြည့်နှစ်​ကတည်းက ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့​ဌာနချုပ် ဝန်ထမ်း​များ​အတွက် လူနေ​ဆောင် ဖြစ်ခဲ့​ပါတယ်။

စတုရန်း​ပေ ၁၅၄,၀၅၈ (၁၄,၃၁၂ စတုရန်း​မီတာ) အကျယ်၊ ၁၁ ထပ် အဆောက်အဦ​ဟာ ဘရွတ်ကလင်​ဟိုက် ကမ်း​နား​မှာ တည်ရှိ​ပါတယ်။ စမ်း​တွင်း​ပါတဲ့ ဥယျာဉ်​ဝင်း ရှိပြီး အဆာက်အဦ အမိုးပေါ်​ကနေ ဘရွတ်ကလင်​တံတား၊ အရှေ့​မြစ်၊ မ​န်​ဟက်​တန်​တောင်ပိုင်း​ကို အပေါ်​စီး​ကနေ မြင်နိုင်တယ်။

၁၀၇ ကိုလံဘီယာ​ဟိုက် ဥယျာဉ်​ဝင်း​နဲ့ စမ်း​တွင်း​မြင်ကွင်း။

“ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း​တွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မိသားစု​တွေဟာ စမ်း​တွင်း​နဲ့ ဥယျာဉ်​အဝင်​လမ်း​နား​မှာ သွားလာ​တာ​ကို သဘောကျကြတယ်။ ဒီ​အဆောက်အဦ​ဟာ ကျွန်တော်တို့​အတွက် အနှစ် ၅၀ ကျော်​အတွင်း အလွန်​အသုံးတည့်​ခဲ့​ပါတယ်။ ဘရွတ်ကလင်​ဟိုက်​ရပ်ကွက်​ရဲ့ အချက်အချာ​လည်း ဖြစ်ခဲ့​ပါတယ်” လို့ နယူးယောက်၊ ဝေါဝစ်​ရှိ ယေဟောဝါသက်သေများရဲ့ ဌာနချုပ်​သစ်​က ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် ဆီ​မို​နီ​ယန်​က ပြောပါ​တယ်။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000