မာတိကာဆီ ကျော်သွား

ဧပြီ ၂၇၊ ၂၀၂၀
အမေရိကန်

၂၀၂၀ အောက်မေ့ရာပွဲ—အမေရိကန်ပြည်ထောင်စု

ဖလော်ရီဒါ အကျဉ်းထောင်နှစ်ခုမှာ ဟောပြောချက် ထုတ်လွှင့်ပေး

၂၀၂၀ အောက်မေ့ရာပွဲ—အမေရိကန်ပြည်ထောင်စု

ဧပြီ ၇ ရက်နေ့ ညချမ်းမှာ ဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်ခရိုင်က အကျဉ်းထောင်နှစ်ခုမှာ ယေဟောဝါသက်သေတစ်ဦးတစ်ယောက်မှ ဟောပြောချက် သွားမပေးနိုင်ပေမဲ့ အကျဉ်းသား ၁,၁၀၀ ကျော်အတွက် အောက်မေ့ရာပွဲ ဟောပြောချက် ထုတ်လွှင့်ပေးခဲ့တယ်။

ထောင်တွေမှာ အပတ်တိုင်း ကျမ်းစာ သွားသင်ပေးနေတဲ့ ညီအစ်ကို ၁၂ ယောက်ထဲကတစ်ယောက်က “အရာရာ အဆင်ပြေသွားတာ အံ့သြစရာပဲ။ ယေဟောဝါက သူတို့ကို အောက်မေ့ရာပွဲ ဟောပြောချက် နားထောင်စေချင်တာ သေချာတယ်” လို့ပြောတယ်။

ညီအစ်ကိုတွေက အကျဉ်းထောင်နှစ်ခုမှာ အောက်မေ့ရာပွဲ ဟောပြောချက်ပေးချင်တယ်လို့ ထောင်က ဓမ္မဆရာကို ခွင့်တောင်းတယ်။ ဒါပေမဲ့ COVID-19 ကန့်သတ်ချက်တွေကြောင့် ညီအစ်ကိုတွေ ဟောပြောချက် သွားပေးလို့ မရဘူး။ ဘာဆက်လုပ်ရမလဲဆိုပြီး စဉ်းစားနေကြတုန်း ဓမ္မဆရာက ဟောပြောချက်ကို ကြိုအသံသွင်းထားဖို့ တောင်းဆိုတယ်။ ပြီးတော့ ထောင်နှစ်ခုစလုံးမှာ ဟောပြောချက် ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတယ်။

ညီအစ်ကိုတွေက အောက်မေ့ရာပွဲ ဖိတ်ခေါ်တဲ့ ဗီဒီယိုအပြင် ဖိတ်စာတွေကိုပါ ပို့ပေးဖို့ စီစဉ်တယ်။ ဓမ္မဆရာက အောက်မေ့ရာပွဲ ဟောပြောချက် ဖိတ်စာကို ထောင်ထဲက ကြေညာဆိုင်းဘုတ်တွေမှာ ကပ်ထားလို့ ညီအစ်ကိုတွေ အံ့သြခဲ့ရပြန်တယ်။ အောက်မေ့ရာပွဲညမှာ အကျဉ်းသားအားလုံး အောက်မေ့ရာပွဲ ဟောပြောချက် ကြည့်လို့ ရတယ်။

အောက်မေ့ရာပွဲ ပြီးနောက် ဓမ္မဆရာက ညီအစ်ကိုတွေဆီ ဆက်သွယ်ပြီး အကျဉ်းသားတွေအတွက် ကျမ်းစာပို့ပေးဖို့ ပြောတယ်။ အကျဉ်းထောင်တွေမှာ ရှိတဲ့ ကျမ်းစာအားလုံး ဝေလို့ ကုန်ပြီ။ ဒါပေမဲ့ လိုချင်သူတွေ ထပ်ရှိနေသေးတယ်။

အကျဉ်းထောင်က လူတွေဆီကိုတောင် ဘုရားသခင့် စကားတော် ရောက်ရှိနေပြီဖြစ်လို့ ကျွန်တော်တို့ သိပ်ပျော်တယ်။—မဿဲ ၂၄:၁၄