မာတိကာဆီ ကျော်သွား

ကင်ပိန်းကာလအတွင်း ညီအစ်ကိုတွေဟာ စာပေလက်တွန်းစင် ၄၀၀ နီးပါး ပြင်ဆင်ခဲ့ကြတယ်။

နိုဝင်ဘာ ၆၊ ၂၀၁၈
အာဂျင်တီးနား

အာဂျင်တီးနား ၂၀၁၈ နွေရာသီ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲမှာ အများရှေ့ သက်သေခံခြင်း ကင်ပိန်းကြီး လုပ်ဆောင်ခဲ့

အာဂျင်တီးနား ၂၀၁၈ နွေရာသီ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲမှာ အများရှေ့ သက်သေခံခြင်း ကင်ပိန်းကြီး လုပ်ဆောင်ခဲ့

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့မှာ ၂၀၁၈၊ အောက်တိုဘာ ၆-၁၈ တုန်းက နွေရာသီ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပနေချိန်အတွင်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ အများရှေ့ သက်သေခံခြင်း အထူးကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။

စိန့်ကစ္စနဲ့ နီးဗစ္စကျွန်းက အားကစားသမားတွေ စာပေလက်တွန်းစင်နား လာကြတယ်။ ကင်ပိန်းလုပ်နေစဉ် နေ့တိုင်းလိုလို စာစောင်ရာချီ ဝေငှခဲ့တယ်။

ဒီနှစ် နွေရာသီ လူငယ် အိုလံပစ် အားကစားပြိုင်ပွဲမှာ ၂၀၆ နိုင်ငံက အားကစားသမား ၄,၀၀၀ ကျော် ပါဝင်တယ်။ အသက် ၁၅ ကနေ ၁၈ နှစ်ကြား လူငယ်အားကစားသမား အများဆုံး ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲလို့ သတ်မှတ်ကြတယ်။ ကင်ပိန်းမှာ ယေဟောဝါသက်သေ ၆,၄၀၀ ကျော် ပါဝင်ခဲ့တဲ့အတွက် နိုင်ငံတကာက လာတဲ့ အားကစားသမားတွေနဲ့ ဧည့်သည်တွေဟာ ကျမ်းစာသတင်းစကား ကြာသိခွင့် ရခဲ့ကြတယ်။ နေရာ ၁၀၀ နီးပါးမှာ စာပေလက်တွန်းစင် ၃၉၀ ပြသခဲ့တယ်။

လူငယ်အားကစားပွဲ ဖြစ်တဲ့အတွက် ညီအစ်ကိုတွေဟာ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်နဲ့ လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ စာစောင်ကို ပြသခဲ့ကြတယ်။ စာပေတွေကို အာရဘီ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ကိုရီးယား၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ အာဂျင်တီးနား လက်သင်္ကေတပြစတဲ့ ဘာသာစကားမျိုးစုံနဲ့ ပြသခဲ့တယ်။ ကင်ပိန်းနေ့တိုင်းမှာ ပျမ်းမျှ စာစောင် ၇၉၀ ခန့် ဝေငှခဲ့တယ်။

ကင်ပိန်းမှာ ပါဝင်တဲ့ ညီအစ်ကို/မတွေဟာ လူကြီးလူငယ်အားလုံးကို ကျမ်းစာမျှော်လင့်ချက် ဝေမျှနိုင်ခဲ့လို့ ဝမ်းသာကြပါတယ်။—ဆာလံ ၁၁၀:၃