မာတိကာဆီ ကျော်သွား

ဒုဝန်ကြီး ကလော်ဒီယို ရိုမေးရို (ဘယ်) က အာဂျင်တီးနား ဌာနခွဲကော်မတီဝင် ညီအစ်ကို မီဂဲလ် ပူချက်တီ (ညာ) ကို ဂုဏ်ပြုဆုလက်မှတ် ပေးနေစဉ်

ဒီဇင်ဘာ ၃၁၊ ၂၀၁၉
အာဂျင်တီးနား

ဗျူနိုအေးရီစ်မြို့ အစိုးရအာဏာပိုင်တွေက ၂၀၁၉ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးအတွက် ဂုဏ်ပြုဆုလက်မှတ် ချီးမြှင့်

ဗျူနိုအေးရီစ်မြို့ အစိုးရအာဏာပိုင်တွေက ၂၀၁၉ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးအတွက် ဂုဏ်ပြုဆုလက်မှတ် ချီးမြှင့်

၂၀၁၉ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးဟာ မြို့တော်အတွက် အရေးပါတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု အခါသမယ ဖြစ်တယ်လို့ ဗျူနိုအေးရီစ်မြို့က အစိုးရ အာဏာပိုင်တွေ အသိအမှတ်ပြုကြတယ်။ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက အစည်းအဝေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ မြို့တော် အာဏာပိုင်တွေက အစည်းအဝေးရဲ့ အကျိုးကျေးဇူးကို အသိအမှတ်ပြုတဲ့အနေနဲ့ ညီအစ်ကိုတွေကို ဂုဏ်ပြုဆုလက်မှတ် ချီးမြှင့်ခဲ့တယ်။

ဗျူနိုအေးရီစ်မြို့က အစိုးရကိုယ်စားလှယ် နှစ်ယောက်ဖြစ်တဲ့ ကလော်ဒီယို ရိုမေးရိုနဲ့ ဖယ်ဒီရီကို ပူလီအေးဆေက ဗျူနိုအေးရီစ်မြို့မှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို ချီးမွမ်းခဲ့တယ်။ ကလော်ဒီယို ရိုမေးရို ဒီလိုပြောတယ်– “ခင်ဗျားတို့ရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ ငြိမ်သက်စည်းလုံးမှုက လူ့အသိုင်းအဝိုင်းအတွက် အရေးပါတယ်လို့ ပြောချင်တယ်။ ခင်ဗျားတို့ရဲ့ တလိုတလားစိတ်ဓာတ်၊ အမှုဆောင်လုပ်ငန်းမှာ ခင်ဗျားတို့ စိတ်နှစ်ပြီး လုပ်ဆောင်နေတာတွေကို ကျွန်တော် တကယ်လေးစားတယ်ဆိုတာ သိစေချင်တယ်။ တခြားသူတွေကို ယုံကြည်ချက်တွေအကြောင်း သွန်သင်ပေးတဲ့အခါ ခင်ဗျားတို့ ပြသတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ မေတ္တာဟာ တကယ်လေးစားဖို့ကောင်းတယ်။” ဖယ်ဒီရီကို ပူလီအေးဆေ ဒီလိုပြောတယ်– “‘မေတ္တာဟာ အစဉ်တည်တယ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ခင်ဗျားတို့ ဒီနေ့ စုဝေးကြတယ်။ ဒီအစည်းအဝေးနေ့အတွင်းမှာပဲ မဟုတ်ဘူး၊ နေ့တိုင်း စစ်မှန်တဲ့မေတ္တာကို ခင်ဗျားတို့ တင်ပြကြတယ်ဆိုတာ ကျွန်တော် သိတယ်။”

ညီအစ်ကို၊ ညီအစ်မတွေ လူသားချင်းအပေါ် ပြသတဲ့ မေတ္တာကို ဆုလက်မှတ်မှာ ချီးမွမ်းထားတယ်။ ကျွန်တော်တို့ မေတ္တာတင်ပြကြတာဟာ လူတွေရဲ့ အသိအမှတ်ပြုမှု ရချင်လို့မဟုတ်ပါဘူး။ မေတ္တာရှင် ဘုရားသခင် ယေဟောဝါကို ဂုဏ်တင်ချင်လို့ပါ။—၁ ယောဟန် ၄:၈