မာတိကာဆီ ကျော်သွား

မေ ၂၊ ၂၀၁၇
အာဂျင်တီးနား

အာဂျင်တီးနား​မှာ မိုး​သည်း​ရေ​ကြီး​လို့ အပျက်အစီး​များပြား

အာဂျင်တီးနား​မှာ မိုး​သည်း​ရေ​ကြီး​လို့ အပျက်အစီး​များပြား

အာဂျင်တီးနား​နိုင်ငံ၊ ဗျူ​နို​အေး​ရီး​မြို့မှာ ၂၀၁၇၊ မတ် ၂၉ ရက်​က​စပြီး ၂၀၁၇၊ ဧပြီ ၉ ရက်​အထိ ဗျူ​နို​အေး​ရီး​မြို့၊ ချာ​ကို၊ ချူးဗစ်၊ ကာ​တာ​မာ​ကာ၊ ဂျူး​ဂျွီ၊ မ​စ်​စီ​ရော​နစ်၊ လာ​ပန်​ပါ၊ စာ​လ်​တာ၊ စ​န်​ကွမ်း၊ စ​န်​တာ​ခရုဇ်၊ စ​န်​တာ​ဖဲ၊ စင်​တီ​ယာ​ဂို ဒီးလ်​အက်စတာ​ရို၊ တူ​ခ​မ​န်​စတဲ့ ဒေသ​တွေ​မှာ သဲကြီးမဲကြီး မိုးရွာ​သွန်း​ခဲ့တယ်။ ယေဟောဝါ​သက်သေ​တစ်ဦး​မှ ထိခိုက်​ဒဏ်ရာ​ရတာ၊ သေကျေ​တာ မရှိကြောင်း အာဂျင်တီးနား​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​က သတင်းပို့​တယ်။

ချူးဗစ်​နဲ့ စာ​လ်​တာ​ဒေသ​တွေဟာ မုန်တိုင်း​ဒဏ် အခံ​ရ​ဆုံး​ပဲ။ ချူးဗစ်​ဒေသ၊ ကို​မို​ဒို​ရို ရီ​ဗာ​ဒါ​ဗီ​ယာ​မြို့မှာ ရက်​အနည်းငယ်​အတွင်း ရွာ​ချ​တဲ့ မိုး​ရေဟာ တစ်နှစ်​အတွင်း ရွာသွန်း​တဲ့ မိုး​ရေ​ပမာဏ​နဲ့ ညီ​တယ်။ သက်သေခံ​မိသားစု ၆၀ ကျော်ဟာ ဘေးကင်း​ရာ​ကို ပြောင်းရွှေ့​ခဲ့​ရတယ်။ ဒါ့အပြင် နိုင်ငံတော်​ခန်းမ (သို့) ဝတ်ပြုရာ​နေရာ နှစ်ခု (ချူးဗစ်​ဒေသမှာ တစ်ခု၊ စာ​လ်​တာ​ဒေသမှာ တစ်ခု) ပျက်စီး​သွားတယ်။ အာဂျင်တီးနား​နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး​ဟာ အဲဒီ​ဒေသ​နှစ်ခုစလုံး​မှာ ကယ်ဆယ်ရေး​လုပ်ငန်း​တွေ လုပ်ဆောင်ဖို့ သဘာဝဘေး​ကယ်ဆယ်ရေး​ကော်မတီ ဖွဲ့စည်း​ခဲ့တယ်။ ကယ်ဆယ်ရေး​လုပ်ငန်းဟာ အပတ်​နဲ့​ချီ​ပြီး ကြာနိုင်တယ်။

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Argentina: Omar A. Sá​nchez, +54-11-3220-5900