ဧပြီ ၂၉၊၂၀၁၉
အာဂျင်တီးနား
အာဂျင်တီးနားနိုင်ငံမှာ ဌာနခွဲရုံး အဆောက်အအုံသစ် စတင် ဆောက်လုပ်
အာဂျင်တီးနားနိုင်ငံ၊ ဗျူးနို့အေရီမြို့ ဌာနခွဲရုံးသစ် ဆောက်လုပ်ရေးကို ၂၀၁၈၊ ဩဂုတ်လမှာ စတင်ပါတယ်။ လုပ်သား ၁၃၆ ယောက်အတွက် ရုံးခန်းအဆောက်အအုံနဲ့ ၉၈ ခန်းပါတဲ့ လူနေဆောင်နှစ်ခု ပါဝင်တယ်။ အခုလက်ရှိ ဌာနခွဲရုံးက နေရာအတော်များများမှာ တကွဲတပြားဖြစ်နေတဲ့ အဆောက်အအုံတွေကို အသုံးပြုနေရပေမဲ့ ဌာနခွဲရုံးသစ်က အဆောက်အအုံတစ်ခုမှာပဲ အတူအမှုဆောင်နိုင်တဲ့အတွက် အလုပ် ပိုပြီးမြောက်တွင်ကျယ်ပါလိမ့်မယ်။ ဆောက်လုပ်ရေး စတင်လုပ်ဆောင်နေကြပုံကို အောက်ပါ ဓာတ်ပုံပြခန်းမှာ ဖော်ပြထားပါတယ်။
ဩဂုတ်၊ ၂၀၁၈– ညီအစ်ကို/မ ဆယ်ယောက်ပါဝင်တဲ့ ဒီဇိုင်းအဖွဲ့က ဗိသုကာဆိုင်ရာ အစီအစဉ်တွေကို ၁၈ လကြာ ပြင်ဆင်ကြရတယ်။
စက်တင်ဘာ ၂၀၁၈– အဆောက်အအုံ အုတ်မြစ်ခိုင်ခံ့အောင် မြေတွင်းနက်နက်တူးပြီး တိုင်စိုက်နေစဉ်။ မြေကွက်ရဲ့ မြေသားအခြေအနေကြောင့် အဆောက်အအုံ ခိုင်ခံ့စေဖို့ တိုင်လုံး ၁၀၃ လုံးကို ၃၈ မီတာ/၁၂၅ ပေ အနက်တူးပြီး စိုက်ရတယ်။
နိုဝင်ဘာ ၂၀၁၈– ၁၀၈ ပေ (၃၃ မီတာ) မြင့်တဲ့ ဝန်ချီစက်ကို ဆောက်လုပ်ရေးကာလအတွင်း အသုံးပြုသွားပါမယ်။
နိုဝင်ဘာ ၂၀၁၈– ဘေးကင်းရေးက အဓိကဖြစ်တဲ့အတွက် ဝန်ချီစက် တပ်ဆင်သူတွေရော ဆောက်လုပ်ရေးမှာ ပါဝင်သူအားလုံး ဘေးကင်းအောင် ဂရုတစိုက် လုပ်ဆောင်ကြတယ်။
ဇန်နဝါရီ ၂၀၁၉– ဝန်ချီစက် သွားမယ့် လမ်းကြောင်းကို စက်ယန္တရားကြီးတွေ သုံးပြီး လမ်းဖောက်နေစဉ်။
မတ် ၂၀၁၉– အဆောက်အအုံ အုတ်မြစ် ခိုင်ခံ့စေဖို့ ကွန်ကရစ် မလောင်းခင် သံချည်သံကွေး ဆောင်ရွက်နေကြစဉ်။