မာတိကာဆီ ကျော်သွား

၂၀၂၂၊ ဖေဖော်ဝါရီ ၂
အာဂျင်တီးနား

အာဂျင်တီးနားနိုင်ငံမှာ ဗေသလမိသားစု အိမ်အသစ် ရရှိကြ

အာဂျင်တီးနားနိုင်ငံမှာ ဗေသလမိသားစု အိမ်အသစ် ရရှိကြ

အာဂျင်တီးနားနိုင်ငံက ဗေသလမိသားစုဟာ ဌာနခွဲ အဆောက်အအုံအသစ်ဆီ ပြောင်းရွှေ့လိုက်ပါပြီ။ ၂၀၂၁၊ နွေရာသီမှာ အပြင်ကန်ထရိုက်တာက ဆောက်လုပ်ရေးကို လက်စသတ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ဗေသလအိမ်သားတွေ၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေဟာ ပရိဘောဂ တပ်ဆင်ရေး၊ အသေးစိတ် သန့်ရှင်းရေး၊ ပိုက်ဆက်ပိုက်ပြင်၊ လျှပ်စစ်ပိုင်းဆိုင်ရာတွေအပြင် အဆောက်အအုံသစ်အတွင်း အလှဆင်စရာ၊ ပြုပြင်မွမ်းမံစရာတွေကို လုပ်ဆောင်ခဲ့ကြတယ်။

ဒီအဆောက်အအုံမှာ ရုံးခန်း ၁၃၆ ခန်း ပါတဲ့ ရုံးအဆောက်အအုံတစ်လုံး၊ အိပ်ခန်း ၉၈ ခန်း ပါတဲ့ လူနေဆောင်နှစ်လုံး ရှိတယ်။ ဌာနခွဲအဟောင်းတုန်းက နေရာအသီးသီးမှာ ရှိတဲ့ အဆောက်အအုံတွေမှာ အမှုဆောင်ကြတယ်။ ဌာနခွဲအသစ်မှာတော့ ဗေသလအိမ်သားတွေ တစ်နေရာတည်းမှာ အတူတကွ အလုပ်လုပ်နိုင်ပါပြီ။ ဒီမြေကွက်ဟာ အာဂျင်တီးနားရဲ့ မြို့တော် ဗျူးနို့အေရီမြို့ပြင်မှာ တည်ရှိပြီး ၉၁,၇၅၈ စတုရန်းပေ (၈,၅၂၄ စတုရန်းမီတာ) ကျယ်ဝန်းတယ်။

ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဟန်ဘာတို ကိုင်ရိုက “ဒီစီမံကိန်းမှာ ယေဟောဝါရဲ့ ရက်ရောမှုကို အကြီးအကျယ် မြင်လိုက်ရတယ်။ အထူးသဖြင့် jw.org တံဆိပ် အထင်အရှား မြင်နေရတဲ့ ဒီအဆောက်အအုံအသစ်တွေဟာ ထူးထူးခြားခြား လှပတယ်” လို့ ပြောတယ်။

လုပ်ငန်းတော်ဌာနက ညီအစ်ကို စီဘက်စယန် ရော့စိုက “ဒီအဆောက်အအုံဟာ ယေဟောဝါဆီက ရက်ရောတဲ့ လက်ဆောင်၊ ကျွန်တော်တို့ လိုနေတာနဲ့ ကွက်တိပါပဲ။ ဒီလောက် လှပပြီး အသုံးဝင်လှတဲ့ အဆောက်အအုံအတွက် အလွန် ကျေးဇူးတင်တယ်” လို့ ပြောတယ်။

ဒီဗေသလ အဆောက်အအုံအသစ်မှာ ဗေသလမိသားစုဟာ အလုပ်ကို ပိုတွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်မယ်၊ ယေဟောဝါရဲ့ ဘုန်းတော် ထင်ရှားစေမယ်ဆိုတာ အသေအချာပါပဲ။—၂ ရာဇဝင်ချုပ် ၇:၁

 

အာဂျင်တီးနား၊ ဗျူနိုအေးရီစ်မြို့က ဒီဗေသလ အဆောက်အအုံအသစ်ဆီ ဗေသလမိသားစု ရွှေ့ပြောင်းနေထိုင်ကြပြီ။ ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေနဲ့အညီ ၂၀၂၁၊ ဇူလိုင်လကစပြီး ရွှေ့ပြောင်းခဲ့တယ်။ ဗေသလအိမ်သားတွေဟာ ပရိဘောဂ တပ်ဆင်ရေး၊ အသေးစိတ် သန့်ရှင်းရေး လုပ်ကြတဲ့အပြင် အဆောက်အအုံသစ်အတွင်း အလှဆင်စရာ၊ ပြုပြင်မွမ်းမံစရာတွေကိုပါ လုပ်ဆောင်ကြတယ်။ ဒီဌာနခွဲအသစ်ဟာ အမှန်တကယ် ဂုဏ်ယူစရာပါ