မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၀၊ ၂၀၁၉
အာဂျင်တီးနား

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဒီဇင်ဘာ ၁၃-၁၅၊ ၂၀၁၉

  • နေရာ– အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီစ်မြို့မှာရှိတဲ့ အက်စတာဒီယို အူနီကို ဒီလာ ပလာတာ အားကစားကွင်း

  • ဘာသာစကား– အာဂျင်တီးနား လက်သင်္ကေတပြစကား၊ အင်္ဂလိပ်၊ စပိန်

  • အများဆုံးတက်ရောက်သူ– ၄၇,၅၅၅

  • နှစ်ခြင်းခံသူ အရေအတွက်– ၅၆၃

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၃၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဘိုလီးဗီးယား၊ ဗဟို အမေရိက၊ ဗဟို ဥရောပ၊ ချီလီ၊ ချက်-ဆလိုဗက်၊ ဖင်လန်၊ အီတလီ၊ ကိုရီးယား၊ ပါရာဂွေး၊ ပီရူး၊ ရိုမေးနီးယား၊ စကင်ဒီနေးဗီးယား၊ စပိန်၊ အမေရိကန်

  • တွေ့ကြုံမှု– ကိုယ်စားလှယ်တွေ တည်းခိုတဲ့ ပန်နာမေရီကာနို ဟိုတယ်က နေရာချထားရေး အရောင်းမန်နေဂျာ မာရာ အန်နပီအိုစ် ဒီလို ပြောတယ်– “နိုင်ငံတွင်း၊ နိုင်ငံအချင်းချင်းနဲ့ ကမ္ဘာတစ်ဝန်းမှာ ပဋိပက္ခတွေဖြစ်နေတဲ့ ဒီလိုအချိန်မှာ ဒီလို အစည်းအဝေးတွေ မြင်တွေ့ရဖို့ သိပ်အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျွန်မတို့အားလုံး လိုလားနေတဲ့ လူသားချင်း ချစ်ခင်ရင်းနှီးမှု၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာရဲ့ နမူနာဖြစ်လို့ပါပဲ။”

 

ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေ လေဆိပ်မှာ ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်

အစည်းအဝေး မတိုင်ခင် ယေဟောဝါသက်သေ ညီအစ်ကိုလေးယောက်ကို သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်

အစည်းအဝေးကျင်းပတဲ့နေရာဆီ ညီအစ်ကို၊ ညီအစ်မတွေ တဖွဲဖွဲ ရောက်လာကြစဉ်

အစီအစဉ်တစ်ခုမှာ အစည်းအဝေးတက်ရောက်သူတွေ လက်ခုပ်တီးနေကြစဉ်

အစည်းအဝေးမှာ အသုံးပြုတဲ့ နှစ်ခြင်းကန် သုံးခုထဲက တစ်ခုမှာ ညီအစ်ကိုအသစ်တစ်ယောက် နှစ်ခြင်းခံနေစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကဲန်နက် ကွတ် တနင်္ဂနွေနေ့ နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

“LOVE” ဆိုတဲ့စကားလုံး ကိုင်ထားတဲ့ ညီအစ်မတစ်စု ဓာတ်ပုံရိုက်နေကြစဉ်

ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ ကိုယ်စားလှယ်တွေ အုပ်စုလိုက် ဓာတ်ပုံရိုက်နေကြစဉ်

တနင်္ဂနွေနေ့ အစီအစဉ် နိဂုံးပိုင်းမှာ နိုင်ငံအသီးသီးက ရောက်လာကြတဲ့ အထူးအချိန်ပြည့်အမှုဆောင်တွေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်

ညနေခင်း စုဆုံမှုတစ်ခုမှာ ဒေသခံညီအစ်ကိုတွေက ဧည့်သည်ကိုယ်စားလှယ်တွေကို ဖျော်ဖြေနေစဉ်