မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၁၄၊ ၂၀၁၉
အာဂျင်တီးနား

အာဂျင်တီးနားဗေသလ ဆောက်လုပ်ရေးစီမံကိန်း နောက်ဆုံးသတင်း

အာဂျင်တီးနားဗေသလ ဆောက်လုပ်ရေးစီမံကိန်း နောက်ဆုံးသတင်း

နေဝင်ချိန်မှာ ရိုက်ထားတဲ့ အာဂျင်တီးနားဌာနခွဲအသစ်

အာဂျင်တီးနားဌာနခွဲရုံး စီမံကိန်းကို တစ်နှစ်ကျော်က စတင်ခဲ့ပြီး တစ်ဝက်ကျော်ကျော် ပြီးနေပါပြီ။ ရုံးခန်းအဆောက်အအုံတစ်ခုနဲ့ လူနေဆောင် နှစ်ခုပါဝင်တဲ့ ဌာနခွဲဟာ စုစုပေါင်း စတုရန်းမီတာ ၈,၅၂၄ (စတုရန်းပေ ၉၁,၇၅၁) ကျယ်တယ်။ ၂၀၂၀ ဇူလိုင် မှာ ဆောက်လုပ်ပြီးစီးဖို့ ပန်းတိုင်ထားပါတယ်။

အာဂျင်တီးနား ဌာနခွဲအသစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ ဒီစီမံကိန်းအပေါ် ယေဟောဝါ ဆက်ပြီး ကောင်းချီးပေးပါစေလို့ ကျွန်တော်တို့ ဆုတောင်းလိုက်ပါတယ်။—တရ ၂၈:၈

 

၂၀၁၉ ဧပြီလ- ရုံးခန်း။ အဆောက်အအုံရဲ့ မြေအောက်ခန်းကနေ အပေါ်ဆုံးအထပ်အထိ တိုင်လုံးတွေနဲ့ တည်ဆောက်သွားမှာဖြစ်လို့ ခိုင်ခံ့ပါလိမ့်မယ်။

၂၀၁၉ ဇွန်လ- ဆောက်လုပ်ရေး လုပ်သားတစ်ယောက် ငြမ်းစင်ပေါ်မှာ လူနေဆောင် (က) အတွက် တိုင်ပုံကို ပုံးရိုက်နေစဉ်

၂၀၁၉ ဇူလိုင်- ရုံးခန်းဆောင် တတိယလွှာအတွက် သံချောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆောက်လုပ်ရေးလုပ်သားတွေ တပ်ဆင်နေစဉ်

၂၀၁၉ ဇူလိုင်လ- လူနေဆောင် (က) ဒုတိယလွှာအတွက် ဘိလပ်မြေ လောင်းနေကြတယ်။ ငါးထပ်တိုက် လူနေဆောင်မှာ လသာဆောင်ပါရှိမယ်

၂၀၁၉ ဇူလိုင်လ- မြေအောက်ထပ်မှာ ၇၂ စီးနဲ့ မြေညီထပ်မှာ ၇၂ စီး ဆန့်မယ့် ကားဂိုဒေါင် ဆောက်နေစဉ်

၂၀၁၉ ဩဂုတ်လ- ဘယ်ဘက်က လူနေဆောင် (က) နဲ့ ဘေးဘက်မှာ လူနေဆောင် (ခ) တွေ့ရတယ်။ မြေတူးစက်ရဲ့ အနောက်ဘက်မှာ ရုံးခန်းအဆောက်အအုံကို တွေ့ရ