မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၈၊ ၂၀၁၈
အိန္ဒိယ

အိန္ဒိယကို ဂါဂျာမုန်တိုင်း တိုက်ခတ်

အိန္ဒိယကို ဂါဂျာမုန်တိုင်း တိုက်ခတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ် နာဒူးပြည်နယ်ကို ၂၀၁၈၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဂါဂျာမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ လူ ၄၆ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၂၅၀,၀၀၀ ခန့် နေရပ်ပြောင်းရွှေ့ခဲ့ရကာ အိမ်ပေါင်း ၈၅,၀၀၀ ကျော် ပျက်စီးသွားတယ်။

တမီလ် နာဒူးပြည်နယ်၊ မန်နာဂူဒီမြို့က ညီအစ်ကိုတစ်ယောက်ရဲ့အိမ် သစ်ပင်ပိလို့ ပျက်စီးသွားပါတယ်။

မုန်တိုင်းကြောင့် ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိကြောင်း အိန္ဒိယ ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့အိမ် ၃၈ လုံး၊ ဝတ်ပြုရာခန်းမ ၂ လုံး ပျက်စီးသွားပါတယ်။ မုန်တိုင်းဘေးသင့် ကြေညာသူတွေကို အစားအစာနဲ့ သောက်ရေ ဝေပေးဖို့၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ ဌာနခွဲရုံးက သဘာဝဘေးကယ်ဆယ်ရေး ကော်မတီတစ်ခု ဖွဲ့စည်းပေးထားပါတယ်။

အိန္ဒိယနိုင်ငံက ဂါဂျာ မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေဟာ အကြီးအကဲတွေရဲ့ ကြီးကြပ်မှုကတစ်ဆင့် ယေဟောဝါဘုရားရဲ့ နှစ်သိမ့်ပေးမှု ခံစားရပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၁ ပေတရု ၅:၂