မာတိကာဆီ ကျော်သွား

ရေဘေးသင့်ဒေသတစ်ခုဖြစ်တဲ့ ဂူဂျရတ်ပြည်နယ်၊ ဗဒိုဒရာမြို့ ရေကြီးရေလျှံနေမှုကို တွေ့ရစဉ်

ဩဂုတ် ၁၆၊ ၂၀၁၉
အိန္ဒိယ

ရေကြီးရေလျှံမှုကြောင့် အိန္ဒိယအနောက်ပိုင်း ထိခိုက်ပျက်စီး

ရေကြီးရေလျှံမှုကြောင့် အိန္ဒိယအနောက်ပိုင်း ထိခိုက်ပျက်စီး

ရေကြီးရေလျှံမှုကြောင့် အိန္ဒိယနိုင်ငံ အနောက်ဘက်ပိုင်းက ဂူဂျရတ်၊ မဟာရက်တရာ၊ ခါနတ်တာကာ၊ ကီရာလာ ပြည်နယ်တွေမှာ ၁၆၉ ဦး သေဆုံးကြောင်း သတင်းတွေက ဖော်ပြတယ်။

ရေကြီးရေလျှံမှုကြောင့် ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အိန္ဒိယ ဌာနခွဲရုံးကနေ သတင်းရပါတယ်။ ဌာနခွဲရုံးကနေ အောက်ပါ အသေးစိတ်အချက်အလက်တွေ ရရှိတယ်။

ဂူဂျရတ်။ ဗဒိုဒရာမြို့က ကြေညာသူစုစုပေါင်း ၁၄၅ ယောက် ရေဘေးသင့်တယ်။ ဗဒိုဒရာမြို့မှာရှိတဲ့ ဂူဂျရာတီဘာသာပြန်ရုံးခွဲမှာတော့ ထိခိုက်ပျက်စီးမှု မရှိဘူး။

မဟာရက်တရာ။ မွန်ဘိုင်းမြို့မှာ မိသားစု ခြောက်စုရဲ့နေအိမ်တွေ ရေဘေးသင့်ခဲ့တယ်။ မွန်ဘိုင်းမြို့ အရှေ့တောင်ဘက် ၂၃၅ မိုင် (၃၇၈ ကီလိုမီတာ) ခန့်အကွာမှာရှိတဲ့ စန်ဂလီမြို့က ကြေညာသူ ၂၅ ယောက် ပြောင်းရွှေ့ကြရတယ်။ အနီးနားက ညီအစ်ကို၊ ညီအစ်မတွေက ယာယီနေထိုင်ဖို့ စီစဉ်ပေးထားပါတယ်။

ခါနတ်တာကာ။ ရေကြီးရေလျှံမှုကြောင့် မိသားစုခြောက်စု ပြောင်းရွှေ့ကြရတယ်။ ဌာနခွဲရုံးက ဒီပြည်နယ်မှာ တည်ရှိပေမဲ့လည်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုမရှိဘူး။

ကီရာလာ။ မိသားစု ၁၀၀ ခန့်ဟာ ကုန်းမြင့်ဘက်ကို ပြောင်းရွှေ့ပြီး တခြားယေဟောဝါသက်သေတွေနဲ့အတူ ယာယီနေထိုင်နေကြတယ်။ သဘာဝဘေးကယ်ဆယ်ရေး ကော်မတီက အခြေအနေကို စောင့်ကြည့်နေပါတယ်။

ရေဘေးသင့်ဒေသတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဌာနခွဲရုံးက ကြီးကြပ်ပေးနေပါတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးအဖွဲ့ဝင်တွေ အကဲဖြတ်ဆန်းစစ်နေကြပြီး ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို ကူညီပေးနေကြပါတယ်။ အဲဒီအထဲမှာ သောက်ရေဝေပေးတာစတဲ့ အခြေခံလိုအပ်ရာတွေကို ထောက်မပေးခြင်း၊ ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ခြင်း ပါဝင်တယ်။

ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါ ဆက်ကူညီပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သဘာဝဘေးတွေနေရာမှာ “များပြားလှတဲ့ ငြိမ်သက်ခြင်း” အစားထိုးမယ့် အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၃၇:၁၁