မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၇၊ ၂၀၁၈
အိန္ဒိယ

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းက လူအသေအပျောက်များတဲ့ မြေပြိုမှုများ

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းက လူအသေအပျောက်များတဲ့ မြေပြိုမှုများ

အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်မှာ မိုးသည်းထန်မှုကြောင့် မြေပြိုမှု ၂၅ ခုခန့် ဖြစ်ပွားကာ လူ ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနအရ အနောက်တောင် မုတ်သုံကြောင့် အဲဒီဒေသ သမိုင်းမှာ အဆိုးရွားဆုံး မိုးရွာသွန်းမှု ဖြစ်ရပါတယ်။

အသက် ၆၀ ကျော် သက်သေခံ မောင်နှံစုံနဲ့ ကျမ်းစာသင်သားတစ်ယောက် ဆုံးပါးသွားကြောင်း၊ ကျမ်းစာသင်သားနှစ်ဦး ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရကာ ဆေးရုံမှာ ကုသမှု ခံယူနေကြောင်း အိန္ဒိယဌာနခွဲရုံးကနေ ကြားရတဲ့အတွက် စိတ်မကောင်းကြပါဘူး။ ဒီ့ပြင် အသက် ၁၇ နှစ်အရွယ် ညီအစ်ကိုဟာ အိမ်နီးနားချင်းကို ကယ်ဆယ်ရင်း ရေနစ်သေဆုံးသွားပါတယ်။

ထိခိုက်ပျက်စီးမှုတွေကို အကဲဖြတ်ဖို့၊ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ သဘာဝဘေးကယ်ဆယ်ရေးကော်မတီ (DRC) ဖွဲ့ထားပါတယ်။ နိုင်ငံတော်ခန်းမတချို့ကို ကယ်ဆယ်ရေးစခန်းတွေအဖြစ် အသုံးပြုထားပါတယ်။ ကနဦးမှတ်တမ်းအရ ညီအစ်ကိုတွေရဲ့ အိမ် အနည်းဆုံး ၄၆ လုံး ထိခိုက်ပျက်စီးသွားပါတယ်။ မိသားစု ၈၅ စု (ကြေညာသူ ၄၇၅ ယောက်) ကို ညီအစ်ကိုတွေ၊ ဆွေမျိုးသားချင်းတွေအိမ်မှာ ခေတ္တ နေရာချပေးထားပါတယ်။ နိုင်ငံတော်ခန်းမတချို့ ရေတစ်ဝက်တစ်ပျက် လွှမ်းနေပါတယ်။ မိုးသည်းထန်မယ့်အကြောင်း မိုးလေဝသ ခန့်မှန်းချက်တွေကို DRC က သတိနဲ့ စောင့်ကြည့်နေပါတယ်။

တိုက်နယ်ကြီးကြပ်မှူး၊ အသင်းတော်အကြီးအကဲတွေနဲ့အတူ ဌာနခွဲရုံး ကိုယ်စားလှယ်တွေက ညီအစ်ကို/မတွေဆီ သွားရောက် နှစ်သိမ့်အားပေးကြပါတယ်။

အပျက်အစီးများတဲ့ ဒီမုတ်သုံရာသီဘေးကြောင့် ထိခိုက်သူအားလုံးအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။ သဘာဝဘေးတွေနဲ့ ထိခိုက်နာကျင်မှုတွေ မရှိတော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။—ဗျာဒိတ် ၂၁:၃၊ ၄