မာတိကာဆီ ကျော်သွား

အီကွေဒေါနိုင်ငံ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တရားရုံး

စက်တင်ဘာ ၇၊ ၂၀၂၁
အီကွေဒေါ

အီကွေဒေါနိုင်ငံ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ပိုင်ခွင့်ကို ကာကွယ်ပေး

အီကွေဒေါနိုင်ငံ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက ယေဟောဝါသက်သေတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ပိုင်ခွင့်ကို ကာကွယ်ပေး

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၄ ရက်မှာ အီကွေဒေါနိုင်ငံက ယေဟောဝါသက်သေတွေဟာ သမိုင်းတွင်တဲ့ တရားရေးအောင်ပွဲ ရခဲ့ကြတယ်။ အမ်ဘာဘူရာနယ်မြေ၊ စန်ဝမ်ဒီယာမန် တိုင်းရင်းသား လူမျိုးစုရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ချိုးဖောက်ခံရကြောင်း အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်လိုက်တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်က အီကွေဒေါတစ်ခွင် နေထိုင်သူတွေ၊ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ နေထိုင်သူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ကာကွယ်ပေးတယ်။ ဒါဟာ တခြားနိုင်ငံတွေအတွက်လည်း အသုံးဝင်နိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက် ဖြစ်တယ်။

၂၀၁၄ မှာ ရပ်မိရပ်ဖတွေက ဝတ်ပြုရာခန်းမ ဆောက်နေတာကို တားဆီးဖို့ ယေဟောဝါသက်သေတွေရဲ့ ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ကြတယ်။ ညီအစ်ကို/မတွေ အတူ စုဝေးဝတ်ပြုတာ၊ တစ်အိမ်တက်ဆင်း ဟောပြောတာကိုလည်း တားဆီးကြတယ်။ ဒါကို ညီအစ်ကိုတွေက တရားရုံးဆီ တင်ပြကြတယ်။ ဒါပေမဲ့ သက်သေခံတွေအပေါ် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခြင်း မရှိဆိုပြီး ဒေသတရားသူကြီး နှစ်ဦး စီရင်လိုက်တဲ့အတွက် အမှု ရှုံးသွားတယ်။

ညီအစ်ကိုတွေက ဒေသတရားရုံးတွေမှာ အမှုနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ မပြေလည်တဲ့အတွက် နိုင်ငံမှာ အမြင့်ဆုံး တရားရုံး ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးကို တက်ခဲ့တယ်။ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက သက်သေခံတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ဒေသတရားရုံးတွေ ချိုးဖောက်တယ်လို့ အတိအလင်း ကြေညာတယ်။ အမှုမှာ ပတ်သက်ခဲ့တဲ့ ရပ်မိရပ်ဖ၊ တရားသူကြီးတွေကို ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယဉ်ကျေးလိမ္မာသင်တန်း တက်ဖို့ အမိန့်ချမှတ်တယ်။ ဒါ့အပြင် “ဘာသာ မတူ၊ ယဉ်ကျေးမှု မတူပေမဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်အောင် ကူညီပေးဖို့၊ အထူးသဖြင့် ယေဟောဝါသက်သေတွေရဲ့ “ဘာသာရေး လုပ်ဆောင်မှုတွေကို ကာကွယ်ပေးဖို့” ရပ်မိရပ်ဖတွေကို ပြောခဲ့တယ်။

ယေဟောဝါသက်သေတွေအတွက် အထွေထွေ ဥပဒေ အကျိုးဆောင် ဖိလစ် ဘရမ်လီက “တိုင်းရင်းသား အခွင့်အရေးတွေက တိုင်းရင်းသား ယဉ်ကျေးမှုကို ကာကွယ်ပေးတာ မှန်ပေမဲ့ နိုင်ငံသားရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်ဖို့ လက်ကိုင်တုတ်အဖြစ် မသုံးသင့်ဘူး” လို့ ပြောခဲ့တယ်။

စန်ဝမ်ဒီယာမန်က ယေဟောဝါသက်သေတွေဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြတယ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကာကွယ်ပေးတဲ့ တရားရေး အောင်ပွဲတွေကနေ ညီအစ်ကို/မတွေ အကျိုးခံစားရချိန်မှာ “ယေဟောဝါရဲ့ လက်” ကို ထင်ရှားစွာ မြင်တွေ့ရလို့ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။—ပညာအလိမ္မာ ၂၁:၁

စန်ဝမ်ဒီယာမန်က ဝတ်ပြုရာ ခန်းမ