မာတိကာဆီ ကျော်သွား

အီတလီနိုင်ငံရဲ့ တရားရုံးချုပ် တည်ရှိရာ ရောမမြို့က တရားရေးနန်းတော်

အောက်တိုဘာ ၁၊ ၂၀၁၉
အီတလီ

ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ဆိုင်တဲ့ အမှုမှာ ဘာသာရေးအကြောင်း တန်းတူသင်ပေးနိုင်ကြောင်း အီတလီ တရားရုံးချုပ်က အတည်ပြုထောက်ခံ

ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ဆိုင်တဲ့ အမှုမှာ ဘာသာရေးအကြောင်း တန်းတူသင်ပေးနိုင်ကြောင်း အီတလီ တရားရုံးချုပ်က အတည်ပြုထောက်ခံ

ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်၊ မိဘလုပ်ပိုင်ခွင့်နဲ့ဆိုင်တဲ့ အရေးပါတဲ့ တရားရုံးဆုံးဖြတ်ချက်တစ်ခုကို ရောမမြို့ တရားရုံးချုပ်က ၂၀၁၉၊ ဩဂုတ် ၃၀ ရက်နေ့မှာ စီရင်ချက် ချလိုက်ပါတယ်။ ယေဟောဝါသက်သေဖြစ်သူ မိခင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ဘာသာရေးယုံကြည်ချက်တွေ သွန်သင်ပေးပိုင်ခွင့်ရှိကြောင်း အီတလီနိုင်ငံ အမြင့်ဆုံးတရားရုံးက အတည်ပြု ထောက်ခံခဲ့တယ်။

ကလေးမိခင်နဲ့ ခွဲနေတဲ့ ယေဟောဝါသက်သေမဟုတ်တဲ့ ဖခင်က ကလေးကို ဖခင်ရဲ့ ဘာသာရေးယုံကြည်ချက်တွေပဲ သင်ပေးခွင့်ရှိတယ်လို့ အခိုင်အမာ ဆိုခဲ့တယ်။ ကလေးကို တခြားဘာသာတစ်ခုအကြောင်း သင်ပေးရင် “ကလေးစိတ်ရှုပ်သွားနိုင်တယ်” လို့ ပြောပြီး အောက်တရားရုံးနှစ်ခုက ဖခင်ကို အနိုင်ပေး ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် မိခင်ဖြစ်သူမှာ လုပ်ပိုင်ခွင့်ရှိပေမဲ့လည်း ကလေးကို မိမိရဲ့ ဘာသာရေးယုံကြည်ချက်အကြောင်း သင်ပေးဖို့ အခက်တွေ့သွားတယ်။ တရားရုံးချုပ်က အောက်တရားရုံးတွေရဲ့ စီရင်ချက်ကို ပယ်ဖျက်ပြီး ကလေးကို သွန်သင်ပေးဖို့ “မိဘနှစ်ဦးစလုံးမှာ တန်းတူအခွင့်အရေး” ရှိတယ်လို့ အတည်ပြုပေးခဲ့တယ်။ ဘာသာရေး ဂိုဏ်းဂဏအားလုံးဟာ “ဥပဒေကို တန်းတူလေးစား” ရမှာဖြစ်ကြောင်း တရားရုံးချုပ်က အလေးပေးဖော်ပြခဲ့တဲ့အပြင် အောက်တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ယေဟောဝါသက်သေတွေကို “မလိုမုန်းထား” ဆက်ဆံရာရောက်ကြောင်း ပြစ်တင်ရှုတ်ချခဲ့တယ်။ ကလေးကို ဘာသာရေးအကြောင်း သွန်သင်ပေးတာနဲ့ပတ်သက်ပြီး မိဘနှစ်ပါး သဘောထားကွဲလွဲတဲ့အခါ ဘယ်ဘာသာတရားက ပိုကောင်းကြောင်း တရားသူကြီးမှာ ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူးလို့လည်း ဖော်ပြခဲ့တယ်။

အီတလီနိုင်ငံမှာ နောက်နောင် ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ဆိုင်တဲ့ အမှုတွေ ပေါ်ပေါက်ခဲ့ရင် ဒီတရားရုံး စီရင်ဆုံးဖြတ်ချက်က အထောက်အကူပြုမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါက “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” သားသမီးတွေကို မိဘတွေ “ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်” ရာမှာ အကျိုးဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။—ဧဖက် ၆:၄

ပေမယ့်