သြဂုတ် ၂၄၊ ၂၀၁၇
အီတလီ
အီတလီနိုင်ငံက ကျွန်းမှာ ငလျင်လှုပ်
သြဂုတ် ၂၂ ရက်က အီတလီနိုင်ငံ နေပယ်လ် ကမ်းရိုးတန်းအလွန် အိစ်ချီယားကျွန်းမှာ လှုပ်ခတ်သွားတဲ့ ရစ်ချက်တာစကေး ၄.၀ ပြင်းအားရှိတဲ့ ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျပြီး လူပေါင်း ၂,၆၀၀ လောက် ပြောင်းရွှေ့ခဲ့ကြရတယ်။ လူ ၂ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်။
အဲဒီကျွန်းမှာ ယေဟောဝါသက်သေတွေ ၆၃၃ ယောက်ရှိပြီး သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိကြပါဘူး။ ဒါပေမဲ့ သက်သေခံ မိသားစုတွေရဲ့အိမ် ၉ လုံးကတော့ ပျက်စီးသွားပါတယ်။ ဒေသခံ သက်သေခံတွေက ငလျင်ဒဏ်ခံလိုက်ရတဲ့ ယုံကြည်သူချင်းတွေကို လိုအပ်တာတွေ ကူညီပေးနေကြပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000
Italy: Christian Di Blasio, +39-06-872941