မာတိကာဆီ ကျော်သွား

ဘိုလိုညာမြို့ကို ပြောင်းရွှေ့ သွားတဲ့ အီတလီဌာနခွဲရုံး လူနေဆောင်အသစ်။ တိုက်ခန်း ၄၁ ခန်းရှိ။ ၂၀၂၀၊ စက်တင်ဘာ ၅ ရက်မှာ စတင်ပြောင်းရွှေ့ကြ

နိုဝင်ဘာ ၁၆၊ ၂၀၂၀
အီတလီ

အခက်အခဲတွေကြားမှာ အီတလီဌာနခွဲရုံးကို ပြောင်းရွှေ့ခြင်း

အခက်အခဲတွေကြားမှာ အီတလီဌာနခွဲရုံးကို ပြောင်းရွှေ့ခြင်း

စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရပေမဲ့ ယေဟောဝါသက်သေတွေရဲ့ အီတလီဌာနခွဲရုံးကို ဘိုလိုညာမြို့ဆီ ပြောင်းရွှေ့တဲ့လုပ်ငန်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ပထမဆုံး လူနေဆောင် ပြီးစီးသွားတဲ့နေ့ ၂၀၂၀၊ စက်တင်ဘာ ၅ ရက်ကတော့ မှတ်မှတ်ရရ နေ့တစ်နေ့ပါပဲ။ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဌာနခွဲရုံးသစ် ပရောဂျက် လက်စသတ်ပါမယ်။

ညီအစ်ကို ငါးဦး ပါဝင်တဲ့ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီ (CPC) က ဒီဌာနခွဲရုံးသစ် ပရောဂျက်ကို ကြီးကြပ်ပေးတယ်။ လူနေဆောင်ကို ဒီဇိုင်းဆွဲ ဆောက်လုပ်ဖို့ အပြင်ကုမ္ပဏီတစ်ခုကို ငှားရမ်းပြီး ၂၀၁၈၊ စက်တင်ဘာလမှာ စတင်ဆောက်လုပ်တယ်။

၂၀၁၉ မှာ ဒေသန္တရ ကုမ္ပဏီ အတော်များများ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်ရကြတယ်။ ငှားရမ်းထားတဲ့ ကုမ္ပဏီလည်း လုပ်ငန်းကို ရပ်နားပြီး ပြန်လည် စီစဉ်ဖွဲ့စည်းခဲ့ရတယ်။ ဒါပေမဲ့ လူနေဆောင် အဆောက်အအုံကိုယ်ထည် ပြီးစီးသွားလို့ လုပ်ငန်း ခဏပဲ ရပ်လိုက်ရတယ်။

လူနေဆောင် အတွင်းပိုင်း

၂၀၂၀ နှစ်ဦးပိုင်းရောက်တော့ ဘိုလိုညာမြို့ ရှိရာ အီတလီမြောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါကို ပြင်းပြင်းထန်ထန် ခံရကြတယ်။ ဒေသန္တရ အာဏာပိုင်တွေကော အစိုးရကပါ ဆောက်လုပ်ရေးတွေအပါအဝင် လုပ်ငန်းအတော်များများကို ရပ်နားခိုင်းတယ်။ ဒါပေမဲ့ တစ်လကြာပြီးနောက် ကန့်သတ်ချက်တချို့ ဖြေလျော့ပေးတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေ၊ အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို ဂရုတစိုက် လိုက်နာရင်း ဆက်လုပ်ဆောင်ကြတယ်။

CPC ကော်မတီဝင် ညီအစ်ကို ပါလို ကောပရာတိုက “ဆောက်လုပ်ရေး ပြီးစီးသွားတဲ့အတွက် ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။ ဘုရားရဲ့ စွမ်းအားတော် အကူအညီကြောင့်သာ မဟုတ်ရင် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ် မထင်ဘူး” လို့ ပြောတယ်။

ငှားရမ်းထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဌ မစ္စ ခရစ္စတီးနာ ဒါလကာစာ ဒီလိုပြောတယ်- “အီတလီက ယေဟောဝါသက်သေတွေရဲ့ အရေးပါဆုံး အဆောက်အအုံကို ဆောက်လုပ်ဖို့ ကျွန်မတို့ကုမ္ပဏီကို ခေါ်ယူတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆောက်လုပ်ချိန်အတွင်း အတူပူးပေါင်းလုပ်ဆောင်မှုကြောင့် အခက်အခဲအားလုံးကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒီပရောဂျက်ကို ယေဟောဝါသက်သေတွေ တော်တော်လေး ဂရုတစိုက် ရှိကြတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်က လုပ်သားတွေ ဘေးအန္တရာယ် ကင်းရှင်းရေးကိုပေါ့။ ဒီလိုမျိုး ယုံကြည်စိတ်ချရသူတွေနဲ့ ဆုံတွေ့ရလို့ သိပ်ဝမ်းသာတယ်။ အခုလို ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ ဒီလိုလူတွေ ရှိနေတာ စိတ်ချမ်းသာစရာပဲ။”

ယေဟောဝါရဲ့နာမည် ဂုဏ်တင်ချီးမွမ်းခံရစေမယ့် ဒီဆောက်လုပ်ရေး ပရောဂျက်ကို ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၂၇:၁