မာတိကာဆီ ကျော်သွား

အီတလီနိုင်ငံ၊ အမ်မီလီယာ– ရိုမာညာဒေသက ကားရပ်နားရာနေရာ ရေကြီးရေလျှံနေစဉ်။ အတွင်းပုံ– ရေလွှမ်းမိုးခဲ့တဲ့ လမ်းပေါ်က ရွှံ့တွေကို ညီအစ်ကိုတစ်ယောက် ဖယ်ရှားနေစဉ်

၂၀၂၃ ခုနှစ်၊ မေ ၂၄ ရက်
အီတလီ

အီတလီမြောက်ပိုင်းမှာ ရေလွှမ်းမိုး

အီတလီမြောက်ပိုင်းမှာ ရေလွှမ်းမိုး

၂၀၂၃၊ မေ ၁၅ ကစပြီး အီတလီမြောက်ပိုင်း၊ အမ်မီလီယာ-ရိုမာညာဒေသမှာ နှစ်ရက်အတွင်း မိုးရေချိန် လက်မ ၂၀ အထိ မိုးရွာသွန်းခဲ့လို့ ရေကြီးရေလျှံသွားပြီး မြို့နယ် ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်။ အနည်းဆုံး ၁၄ ယောက်သေဆုံးပြီး ထောင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ ထိခိုက်၊ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၃၄၂ ယောက်နဲ့ သူတို့ရဲ့မိသားစုတွေ ရွှေ့ပြောင်းခဲ့ရ

  • အိမ်ခြေ ၁၆၇ လုံး ရေလွှမ်းမိုးခံရပြီး ၇၂ လုံး အကြီးအကျယ်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၁ လုံး အကြီးအကျယ်ပျက်စီး

  • ဝတ်ပြုရာခန်းမ ၃ လုံး အနည်းငယ်ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေ ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးပြီး လက်တွေ့ကျ အကူအညီတွေပေး

  • ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း

သဘာဝဘေးတွေကို ဘယ်သူမှ ကြောက်စရာ မလိုမယ့်အချိန်၊ “ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိ” လာမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဗျာဒိတ် ၂၁:၃၊ ၄