မာတိကာဆီ ကျော်သွား

အီတလီ၊ ဘိုလိုညာမြို့မှာ ပြုပြင်မွမ်းမံနေဆဲ ၉ ထပ်ရုံးအဆောက်အဦ

အောက်တိုဘာ ၂၃၊ ၂၀၁၉
အီတလီ

အီတလီမှာ ဌာနခွဲအသစ် ဆောက်လုပ်နေ

အီတလီမှာ ဌာနခွဲအသစ် ဆောက်လုပ်နေ

ဘာသာပြန်ဌာန ရှိတဲ့ အီမိုလာအဆောက်အဦ

အီတလီဌာနခွဲကို ရောမမြို့ကနေ ဘိုလိုညာနဲ့ အီမိုလာမြို့တွေဆီ ပြောင်းရွှေ့နေပါတယ်။ ဘိုလိုညာမြို့ဟာ ရောမမြို့ရဲ့ မြောက်ဘက် ၃၇၀ ကီလိုမီတာ (မိုင် ၂၃၀) အကွာမှာ တည်ရှိပြီး အီမိုလာမြို့ကတော့ ဘိုလိုညာမြို့နဲ့ ၄၈ ကီလိုမီတာ (မိုင် ၃၀) အကွာမှာ တည်ရှိတယ်။ ဘိုလိုညာမြို့မှာရှိတဲ့ ကိုးထပ်အဆောက်အဦကို ဌာနခွဲ ရုံးအဆောက်အဦအဖြစ် အသုံးပြုဖို့ စတင် ပြုပြင်မွမ်းမံနေပါပြီ။ ၂၀၁၈ ခုနှစ်ကစပြီး ဗေသလအိမ်သား ၆၀ ကျော်ဟာ ဘာသာပြန်ဌာနမှာ လုပ်ဆောင်နေပြီး ဘာသာပြန်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အလုပ်တွေကို အီမိုလာမြို့က အသစ်ပြုပြင်မွမ်းမံထားတဲ့ အအောက်အဦမှာ လုပ်ဆောင်နေပါပြီ။

ဘိုလိုညာမြို့မှာ ပြောင်းရွှေ့နေထိုင်မယ့် ဗေသလအိမ်သားတွေ နေဖို့ ရုံးအဆောက်အဦကနေ တစ်ကီလိုမီတာခွဲ (တစ်မိုင်) အကွာလောက်မှာ မြေအောက်ကားရပ်နားရာနေရာ ၃ ထပ် ပါဝင်တဲ့ ခုနစ်ထပ်အဆောက်အဦကို ဆောက်လုပ်နေပါတယ်။ အဲဒီအနီးအနားမှာ နောက်ထပ် နေအိမ်တွေ ရှိလာပါမယ်။

ဆောက်လက်စ ၇ ထပ် လူနေဆောင် အဆောက်အဦရဲ့ ပုံ

ယေဟောဝါသက်သေတွေဟာ ၁၉၄၈ ခုနှစ်တုန်းက ရောမမြို့မှာ ပထမဆုံး ဌာနခွဲအဆောက်အဦကို ဝယ်ယူခဲ့ပြီး မီလန်မြို့ကနေ ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး အီတလီမှာ အကြီးအကျယ် တိုးတက်လာတယ်။ ၁၉၅၀ ပြည့်နှစ် မတိုင်ခင်က တစ်နိုင်ငံလုံးမှာ ကြေညာသူ ၂၀၀ တောင် မရှိဘူး။ အခုဆိုရင် အီတလီမှာ ကြေညာသူ ၂၅၀,၀၀၀ ကျော် ရှိနေပြီး ဥရောပ ဌာနခွဲနယ်မြေမှာ အများဆုံး ဖြစ်တယ်။ ဌာနခွဲနယ်မြေမှာ ကြေညာသူ အရေအတွက် တိုးများလာတာနဲ့အမျှ ဗေသလအိမ်သားနဲ့ ဌာနခွဲအဆောက်အဦတွေလည်း တိုးများလာတယ်။ ၂၀၀၆ ခုနှစ်ရောက်တော့ အီတလီဌာနခွဲရုံးမှာ သီးခြားအဆောက်အဦ ၉၉ လုံး ရှိတယ်။ ဘိုလိုညာမြို့ကို ပြောင်းရွှေ့ပြီးတဲ့အခါကျရင် ဗေသလအိမ်သား အရေအတွက်ကို လျှော့ချသွားမှာ ဖြစ်ပြီး အဆောက်အဦ ငါးခုပဲ ရှိတော့မယ်။

“ရိတ်စရာစပါးတွေ မှည့်ဝင်းနေ” တဲ့ အီတလီလယ်ကွင်းမှာ လုပ်ဆောင်နေတာတွေကို အဆောက်အဦသစ်တွေက ထောက်ပံ့ပေးမှာ ဖြစ်လို့ ဒီစီမံကိန်းကို ယေဟောဝါ ဆက်ကောင်းချီးပေးဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။—ယောဟန် ၄:၃၅