၂၀၂၁၊ ဖေဖော်ဝါရီ ၁
အီရီထရီးယား
အီရီထရီးယား အာဏာပိုင်တွေက ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ သုံးယောက်ကို လွှတ်ပေး
၂၀၂၁၊ ဖေဖော်ဝါရီ ၁ မှာ အီရီထရီးယား အာဏာပိုင်တွေက ညီအစ်ကို တစ်ယောက်နဲ့ ညီအစ်မ နှစ်ယောက်ကို ထောင်ကနေ လွှတ်ပေးလိုက်တယ်။ ယုံကြည်ချက်ကြောင့် ထောင်ကျနေတာ လေးနှစ်နဲ့ ကိုးနှစ်ကြား ရှိနေပြီ။ ထောင်ထဲမှာ ညီအစ်ကို ညီအစ်မ ၂၀ ကျန်နေသေးတယ်။ ယေဟောဝါအပေါ် သူတို့ ဆက်သစ္စာစောင့်သိနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—၂ ကောရိန္သု ၁:၁၁။