မာတိကာဆီ ကျော်သွား

မတ် ၁၃၊ ၂၀၁၉
အီသီယိုးပီးယား

အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုမှာ ညီအစ်မတစ်ဦး သေဆုံး

အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုမှာ ညီအစ်မတစ်ဦး သေဆုံး

မတ် ၁၀ ရက်၊ တနင်္ဂနွေနေ့တုန်းက အီသီယိုးပီးယား လေကြောင်းလိုင်း အမှတ် ၃၀၂ ဟာ အီသီယိုးပီးယားနိုင်ငံ မြို့တော်၊ အာဒစ် အာဘာဘာလေဆိပ်ကနေ ပျံတက်ပြီး မကြာမီအချိန်မှာ ပျက်ကျသွားပါတယ်။ လေယာဉ်ပေါ်လိုက်ပါသူ ၁၅၇ ယောက်စလုံး သေဆုံးသွားပါတယ်။

လေယာဉ်ပျက်ကျမှုထဲမှာ ကျွန်တော်တို့ရဲ့ ညီအစ်မ ရိုစမေရီ မွမ်ဘီလည်း ပါသွားတယ်။ အသက် ၆၆ နှစ်အရွယ် ညီအစ်မ မွမ်ဘီဟာ အီတလီနိုင်ငံ၊ ရောမမြို့၊ ရိုမာ မန်ဇိုနီ အင်လီဆီ အသင်းတော်က အချိန်ပြည့် အမှုဆောင်တစ်ဦး ဖြစ်ပါတယ်။

စိတ်မကောင်းစရာသတင်း ကြားရလို့ ကျွန်တော်တို့ အလွန်ဝမ်းနည်းကြပါတယ်။ သစ္စာရှိသူတွေကို ယေဟောဝါ အသက်ပြန်ရှင်ပေးတဲ့ အချိန်မှာ ညီအစ်မ မွမ်ဘီနဲ့ ပြန်တွေ့ဖို့ မျှော်လင့်နေကြပါတယ်။—ဗျာဒိတ် ၂၀:၁၃