၂၀၁၇ ဧပြီ ၆
ဩစတြေးလျ
ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီဟာ သြစတြေးလျနိုင်ငံကို တိုက်ခတ်သွား
၂၀၁၇ မတ်လ ၂၈၊ အင်္ဂါနေ့မှာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဒက်ဘီဟာ ကွင်းစလန် ကမ်းရိုးတမ်း မြောက်ပိုင်းကို တစ်နာရီ ၁၆၃ မိုင်နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ အဆင့် ၄ ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ သစ်ပင်တွေ၊ အဆောက်အဦတွေကို ပျက်စီးစေပြီး လှေ အပျက်အစီးတွေကို မြို့ရဲ့ ကမ်းခြေတစ်လျှောက် ပျံ့ကျဲကုန်တယ်။ ဆိုင်ကလုန်း ဝင်တိုက်ခတ်ပြီးသွားတဲ့နောက် ကွင်းစလန်တောင်ပိုင်းနဲ့ နယူးဆော့ဝဲလ်မြောက်ပိုင်းက မြို့တွေမှာ ရေးကြီးပြီး လူသောင်းနဲ့ချီ လျှပ်စစ်ပြတ်တောက် သွားတယ်။
ကနဦး ရရှိတဲ့သတင်းတွေအရ ယေဟောဝါသက်သေတစ်ယောက်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာနဲ့ သေဆုံးတာ မရှိပါ။ ဒါပေမဲ့ မုန်တိုင်းကြောင့် ယေဟောဝါသက်သေတွေရဲ့အိမ် အများကြီးထိခိုက်ခဲ့ပြီး တစ်လုံးကတော့ လုံးဝပျက်စီးသွားတယ်။ ဝတ်ပြုတဲ့နေရာ ခန်းမ ၂ လုံးလည်း ပျက်စီးသွားတယ်။
ဘေးဒုက္ခရောက်တဲ့သူတွေကို ကူညီပေးဖို့ သြစတြေးလျနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေ ဌာနခွဲရုံးက ထိခိုက်တဲ့ဒေသမှာရှိ သူတွေအတွက် အရေးပေါ်လုပ်ဆောင်ဖို့၊ မီးစက်တွေ အစားအစာနဲ့ သောက်ရေတွေ ထောက်ပံ့ပေးဖို့ ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီ ၂ ခုကို ဖွဲစည်းခဲ့တယ်။ ဒေသခံ သက်သေခံ အမှုဆောင်သူတွေကလည်း ယုံကြည်ခြင်းတူသူတွေကို စိတ်ဓာတ်ပိုင်းနဲ့ ဘုရားရေးရာ အကူအညီတွေ ပေးနေကြတယ်။
ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာ့ဌာနချုပ်ကနေ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ကမ္ဘာချီအမှုဆောင်လုပ်ငန်းအတွက် ရန်ပုံငွေကို အသုံးပြုပြီး အကူအညီပေးနေပါတယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
သြစတြေးအေးရှား- Rodney Spinks, +61-2-9829-5600