မာတိကာဆီ ကျော်သွား

ဝဲဘက်။ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို ကဲနက် ကွတ်က ရှေးခေတ် ရိုက်ကွင်းမှာ အလုပ်လုပ်နေသူတွေကို အားရှိစရာ ကျမ်းစာ ဟောပြောချက် ပေးနေစဉ်။ ညာဘက်အပေါ်။ စတူဒီယို ရိုက်ကွင်း။ ညာဘက်အောက်။ အပြင်ပိုင်း ရှေးခေတ် ရိုက်ကွင်း

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆ ရက်
ဩစတြေးလျ

ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း အပိုင်း ၁ ရိုက်ကူးရေး နောက်ဆုံးရသတင်း

ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း အပိုင်း ၁ ရိုက်ကူးရေး နောက်ဆုံးရသတင်း

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂ ရက်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း အပိုင်း ၁ ရိုက်ကူးရေး ပဏာမအဆင့် ပြီးသွားပါပြီ။ ခဏ နားပြီးနောက် ဒုတိယအဆင့် စပါမယ်။ ၂၀၂၂၊ အောက်တိုဘာလအတွင်း ပြီးပါမယ်။

ပြီးခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၀၂၂၊ မေ ၂၀ မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်း ကို အတွင်းပိုင်း ဆက်တင်တွေ အဓိက သုံးပြီး စတင်ရိုက်ကူးခဲ့ကြတယ်။ အဲဒီအချိန်မှာ နားနေဆောင် အဆောက်အအုံ တချို့အပိုင်းတွေနဲ့ အပြင်ပိုင်း ရှေးခေတ် ရိုက်ကူးရေးဆက်တင်အတွက် အချောသပ် စာရွက်စာတမ်းတွေ လိုနေသေးတယ်။ ၂၀၂၂၊ ဇူလိုင် ၁၅ မှာတော့ အချောသပ် စာရွက်စာတမ်းတွေ ရသွားပြီး ဩစတြေးလျအေးရှား ဌာနခွဲ ဆောက်လုပ်ရေး ဌာနက ဒေသကြီးဆိုင်ရာ ဗီဒီယို အဖွဲ့ (RVT) ဆီ အဆောက်အအုံနဲ့ ရိုက်ကူးရေး ဆက်တင်တွေ အပ်နိုင်ခဲ့တယ်။ ဒါကြောင့် ရိုက်ကူးရေး စီမံကိန်းအတွက် အပြည့်အဝ သုံးလို့ ရသွားပါပြီ။

ဒေသကြီးဆိုင်ရာ ဗီဒီယို အဖွဲ့ (RVT) အတွက် နားနေဆောင် အဆောက်အအုံ။ မီးဖိုချောင်၊ ထမင်းစားခန်း၊ ရုံးခန်း၊ ဆံပင်နဲ့ မိတ်ကပ် အလှပြုပြင်ခန်းတွေ ပါတယ်။ ရိုက်ကူးရေးမှာ သုံးမယ့် တိရစ္ဆာန်တွေကို ခြံထဲမှာ ထည့်ထားနိုင်

ဩစတြေးလျနဲ့ နယူးဇီလန်က စေတနာ့ဝန်ထမ်း ၅၀၀ ကျော်ဟာ သမိုင်း အထောက်အထားနဲ့ ကိုက်ညီတဲ့ စတုရန်း မီတာ ၇,၀၀၀ (စတုရန်း ပေ ၇၅,၃၄၇) ကျော် ကျယ်တဲ့ ရိုက်ကွင်းဆက်တင် ဆောက်လုပ်ရေးမှာ လုပ်အားပေးခဲ့ကြတယ်။ ဆောက်လုပ်ရေး ကော်မတီ ညှိနှိုင်းရေးမှူး ညီအစ်ကို ရပ်စယ် ဂရိုင်ဂေါ့စ်ဝဇ်က ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “အခက်အခဲတွေ များပေမဲ့ အောင်မြင်စွာ ကျော်ဖြတ်ဖို့ ယေဟောဝါဘုရား ကူညီပေးတာ အထင်အရှား မြင်ရတယ်။ ပြီးမြောက်ခဲ့ရာတွေဟာ ယေဟောဝါဘုရားရဲ့ စွမ်းအားတော်ကြောင့်ပါ။”

ပဏာမအဆင့် ရိုက်ကူးမှု တော်တော်များများမှာ သွန်သင်ခြင်း ကော်မတီအကူ ညီအစ်ကို ရော်နယ် ကာဇန် ရှိနေတယ်။ သူ ဒီလိုပြောတယ်– “ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေ၊ ဗေသလ မိသားစုဝင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှု၊ အပေးအယူ မျှမှုက သိပ်ထူးခြားတယ်။ နှစ်နဲ့ချီ စီစဉ်၊ ဆောက်လုပ်ပြီးနောက် ဆက်တင်တွေကို အပြည့်အဝ သုံးလို့ ရနေတာကို မြင်ရတာ စိတ်လှုပ်ရှားဖို့ သိပ်ကောင်းတယ်။ ဌာနခွဲ နယ်မြေအတွင်းက ညီအစ်ကို၊ ညီအစ်မတွေရဲ့ ထောက်မမှုကလည်း စိတ်ထိမိစရာပါပဲ။ ယေရှုရဲ့ အသက်တာနဲ့ သွန်သင်ချက်တွေအကြောင်း အပိုင်း ၁၈ ပိုင်း ပါတဲ့ ဒီဇာတ်လမ်းဟာ ကမ္ဘာတစ်ဝန်းက လူတွေကို စိတ်ထိမိစေမှာ သေချာတယ်။”

အပိုင်း ၁ ပဏာမရိုက်ကူးရေး နောက်ဆုံးရက်တွေမှာ ရိုက်ကွင်းကို ရောက်လာတဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို ကဲနက် ကွတ်က ဒီလိုမှတ်ချက်ပေးတယ်– “ဒီစီမံကိန်းကို မေတ္တာရှင် အဖ ယေဟောဝါ ကူညီပေးနေတာ သိပ်ထင်ရှားတယ်။ ဒါကြောင့် ယေဟောဝါဘုရားကို သိပ်ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ရိုက်ကွင်း ဆောက်လုပ်ရေး၊ ရိုက်ကူးရေးမှာ ကိုယ်ကျိုးစွန့် မေတ္တာနဲ့ ကူညီပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအထူးဗီဒီယို ဇာတ်လမ်းတွဲကြောင့် လူများစွာ ယေရှုခြေရာကို ထက်ကြပ်မကွာ ပိုလိုက်လာဖို့၊ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာဖို့ ဆုတောင်းပါတယ်။”

 

ရှေးခေတ် ရိုက်ကွင်း ဝင်ပေါက်

ပြီးစီးသွားပြီဖြစ်တဲ့ ရှေးခေတ် ရိုက်ကွင်း တစ်စိတ်တစ်ပိုင်းကို အပေါ်စီးကနေ မြင်ရပုံ

ရှေးခေတ် ရိုက်ကွင်းရဲ့ မြို့စွန်က သိုးခြံ (အနီးကပ် မြင်ကွင်း)

ဈေး

ရင်ပြင်