မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉
ဩစတြေးလျ

ဩစတြေးလျနိုင်ငံ ကွင်းစလန်မှာ ဆိုးရွားစွာ ရေကြီးရေလျှံ

ဩစတြေးလျနိုင်ငံ ကွင်းစလန်မှာ ဆိုးရွားစွာ ရေကြီးရေလျှံ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩစတြေးလျ အရှေ့မြောက်ပိုင်းမှာ ဆိုးရွားစွာ ရေကြီးရေလျှံခဲ့ပါတယ်။ ရေဘေးကြောင့် လူထောင်ချီ နေရပ်ရွှေ့ပြောင်းကြရတယ်။ အဆောက်အအုံတွေ ပျက်စီးပြီး လျှပ်စစ်မီး ပြတ်တောက်သွားတယ်။

ရေကြီးမှုကြောင့် အသင်းတော်သုံးခုက ကြေညာသူ ၅၈ ယောက်ဟာ မိသားစုဝင် ဒါမှမဟုတ် တခြားယေဟောဝါသက်သေတွေရဲ့ အိမ်တွေဆီ ပြောင်းရွှေ့ခဲ့ရကြောင်း ဩစတြေးလျ ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ အိမ်ဆယ်လုံး ရေနစ်မြုပ်ပါတယ်။ နှစ်လုံး ပျက်စီးသွားပါတယ်။

ဌာနခွဲရုံးက သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပေးထားပါတယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေဟာ ဘေးသင့် ကြေညာသူတွေကို လည်ပတ်အားပေးနေကြပါတယ်။ ညီအစ်ကို/မတွေ ဆက်ခံနိုင်ရည်ရှိဖို့နဲ့ မေတ္တာပြည့်ဝတဲ့ သိုးထိန်းတွေရဲ့ ဂရုစိုက်မှုကနေ နှစ်သိမ့်မှု ရဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၁ ပေတရု ၅:၂