နိုဝင်ဘာ ၂၉၊ ၂၀၁၉
ဩစတြေးလျ
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
နေ့စွဲ– နိုဝင်ဘာ ၂၂-၂၄၊ ၂၀၁၉
နေရာ– ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ရှိတဲ့ မာဗယ်လ်အားကစားကွင်း
ဘာသာစကား– ဩစတြေးလျ လက်သင်္ကေတပြစကား၊ တရုတ် ကန်တုံ၊ တရုတ် မန်ဒရင်း၊ အင်္ဂလိပ်၊ ကိုရီးယား၊ စပိန်၊ တဂါလော့၊ ဗီယက်နမ်
အများဆုံး တက်ရောက်သူ– ၄၆,၅၈၂
နှစ်ခြင်းခံသူ အရေအတွက်– ၄၀၇
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၆,၀၈၃
ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အာဂျင်တီးနား၊ ကနေဒါ၊ ဟောင်ကောင်၊ အန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဆော်လမွန်ကျွန်းစု၊ တောင်အာဖရိက၊ ထိုင်ဝမ်၊ အမေရိကန်
တွေ့ကြုံမှု– ဘာလာရက် သဘာဝဥယျာဉ်ရဲ့ မန်နေဂျာ ဒီလို ပြောတယ်– “အမှန်အတိုင်း ပြောရရင် ဘာလာရက် သဘာဝဥယျာဉ်မှာ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ခင်ဗျားတို့အဖွဲ့က စည်းစနစ်အရှိဆုံးပဲ။ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ဧည့်လမ်းညွှန်တွေကို တကယ်ကျေးဇူးတင်ပါတယ်။”
ဟိုတယ်မန်နေဂျာတစ်ယောက်ကလည်း သူ့ဟိုတယ်မှာ တည်းတဲ့ ကိုယ်စားလှယ် ၃၄၀ နဲ့ ပတ်သက်ပြီး ဒီလို ပြောတယ်– “အားလုံးက ပူးပေါင်းလုပ်ဆောင်ကြတယ်။ ခင်ဗျားတို့ကို ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် ထောက်မကူညီပေးတဲ့ မိသားစုကြီးတစ်စုနဲ့ တူတယ်။ ခင်ဗျားတို့ ယောက်တိုင်းနဲ့ ပြောဆိုဆက်ဆံရတာ တကယ်ပျော်ဖို့ ကောင်းတယ်။ ကျွန်တော် ဒီအလုပ်လုပ်တာ ၁၁ နှစ်ရှိပြီ၊ ဒီလိုအဖွဲ့မျိုး တစ်ခါမှ မတွေ့ဖူးဘူး။” အဲဒါကြောင့် မန်နေဂျာက စနေနေ့မှာ အစည်းအဝေး လာတက်တယ်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဆင်ခြေဖုံး၊ ဒန်ဟမ် ကော့တ်မှာရှိတဲ့ ဌာနခွဲရုံးမှာ ညီအစ်ကို၊ ညီအစ်မတွေက ကိုယ်စားလှယ်တွေကို ကြိုဆိုနေစဉ်
အားကစားကွင်းထဲကို ညီအစ်ကို၊ ညီအစ်မတွေ ဝင်လာကြစဉ်
ကိုယ်စားလှယ်တွေ ယေဟောဝါကို ချီးမွမ်းသီချင်း သီဆိုနေစဉ်
ညီအစ်မငယ်လေးတစ်ယောက် နှစ်ခြင်းခံပြီးနောက် အမေကို ဖက်ထားစဉ်
အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ် စပလိန်း သောကြာနေ့ နိဂုံးချုပ် ဟောပြောချက်ပေးနေစဉ်
ဧည့်သည် အထူးအချိန်ပြည့် အမှုဆောင်တွေ လူအုပ်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေစဉ်
ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်
ညနေခင်း စုဆုံမှုမှာ ညီအစ်မတချို့ ကပြ ဖျော်ဖြေနေစဉ်