မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၀၊ ၂၀၂၀
ဩစတြေးလျ

ဩစတြေးလျမှာ တောမီး ဆက်လောင်ကျွမ်းနေ

ဩစတြေးလျမှာ တောမီး ဆက်လောင်ကျွမ်းနေ

ဩစတြေးလျတိုက်ရဲ့ စံချိန်တင် အပူဆုံး၊ အခြောက်သွေ့ဆုံးနှစ် ကုန်ဆုံးပြီးနောက်ပိုင်းမှာလည်း တောမီး ဆက်လောင်ကျွမ်းနေပါတယ်။ ၂၀၁၉၊ စက်တင်ဘာလကစပြီး ဩစတြေးလျတိုက်ရဲ့ ပြည်နယ်တိုင်းလိုလိုမှာ ဆိုးဝါးတဲ့ တောမီးတွေ လောင်ကျွမ်းခဲ့တယ်။ ဩစတြေးလျတိုက်မှာ တောမီးလောင်တဲ့ရာသီ အစပဲ ရှိသေးပေမဲ့ ပြင်းထန်တဲ့တောမီးတွေ လောင်ကျွမ်းခဲ့ပြီးဖြစ်တယ်။ ကမ်းရိုးတန်းနဲ့ အရှေ့တောင်ပိုင်း ပြည်နယ်တွေ ဖြစ်ကြတဲ့ ဗစ်တိုးရီးယားပြည်နယ်၊ နယူးဆော့သ်ဝေးပြည်နယ်တွေမှာ တောမီးဒဏ် အဆိုးဝါးဆုံး ခံစားနေရတယ်။

ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း မရှိပေမဲ့ နေအိမ် ကိုးလုံး လုံးဝပျက်စီးသွားပြီး အတော်များများ ထိခိုက်ပျက်စီးမှုရှိတယ်။ ဒီနေ့အချိန်အထိ ညီအစ်ကို၊ ညီအစ်မ ၇၀၀ ကျော် ရွှေ့ပြောင်းကြရတယ်။ မီးခိုးငွေ့ အန္တရာယ်ကြောင့် ညီအစ်ကို၊ ညီအစ်မ များစွာဟာ နေအိမ်ကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဆိုးဝါးဆုံး လေထုညစ်ညမ်းမှုဖြစ်နေပြီး အရေးပေါ် ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ပညာရှင်တချို့ ဖော်ပြကြတယ်။ ရွှေ့ပြောင်းသွားကြသူ အများစုက မိသားစုတွေ၊ မိတ်ဆွေတွေ၊ မီးလမ်းကြောင်းမသင့်တဲ့ အနီးအနားအသင်းတော်က ကြေညာသူတွေအိမ်မှာ နေထိုင်ကြတယ်။

ဩစတြေးလျ ဌာနခွဲရုံးက သဘာဝဘေးကယ်ဆယ်ရေး ကော်မတီနှစ်ခု ဖွဲစည်းပေးထားပြီး ဘေးသင့်ညီအစ်ကို၊ ညီအစ်မတွေလိုအပ်တဲ့ အကူအညီတွေ ပေးနေကြတယ်။ ကျမ်းစာနဲ့ နှစ်သိမ့် အားပေးနေကြပါတယ်။ တိုက်နယ်ကြီးကြပ်မှူး နှစ်ယောက်နဲ့ ဌာနခွဲကော်မတီဝင်တွေဟာ ဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေဆီ လည်ပတ်ပြီး အားပေးနှစ်သိမ့်ကြတယ်။ တောမီးကြောင့် ညီအစ်ကို၊ ညီအစ်မအများစုဟာ ခြေကုန်လက်ပန်းကျနေကြပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေ ပြတဲ့ ခရစ်ယာန်မေတ္တာကို လေးမြတ်ကြောင်း ဖော်ပြကြတယ်။—၁ ပေတရု ၂:၁၇