မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၃၊ ၂၀၁၉
ဩစတြေးလျ

ဩစတြေးလျ တစ်ခွင်တစ်ပြင် တောမီး လောင်ကျွမ်း

ဩစတြေးလျ တစ်ခွင်တစ်ပြင် တောမီး လောင်ကျွမ်း

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးနဲ့ ကွင်းစလန်ပြည်နယ်တစ်လျှောက် ဧက ၂.၅ သန်းခန့် တောမီးလောင်ကျွမ်းမှုကြောင့် ယေဟောဝါသက်သေ ဇနီးမောင်နှံရဲ့အိမ်ပါ မီးထဲ ပါသွားတယ်။ တောမီးကြောင့် ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိဘူး။ ဝတ်ပြုရာခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေလည်း ပျက်စီးခြင်း မရှိဘူး။

တမင်တကာ ရှို့တဲ့သူကြောင့် တောမီးလောင်ခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေ ယူဆကြတယ်။ စက်တင်ဘာလကတည်းက လောင်ကျွမ်းတဲ့ တောမီးကြောင့် ခြောက်ယောက်သေဆုံးပြီး အိမ် ၆၅၀ ပျက်စီးခဲ့တယ်။

ညီအစ်ကို၊ ညီအစ်မ ၂၀၀ နီးပါး ရွှေ့ပြောင်းခဲ့ရပေမဲ့ အခု အိမ်ကို ပြန်သွားကြပါပြီ။ နေအိမ် မီးထဲပါသွားတဲ့ ဇနီးမောင်နှံကို တခြားညီအစ်ကို၊ ညီအစ်မတွေ ကြည့်ရှုစောင့်ရှောက်ထားကြပါတယ်။ မီးဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေကို အသင်းတော် အကြီးအကဲတွေ ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ပေးကြပါတယ်။—တမန်တော် ၂၀:၂၈