၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်
ဩစတြေးလျ
ဩစတြေးလျ နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲမှာ အများရှေ့သက်သေခံခြင်းကို လူတွေ စိတ်ဝင်စား
ဩစတြေးလျနိုင်ငံ၊ ဝေါလန်ဂေါင်မြို့မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈-၂၅ အတွင်း နိုင်ငံတကာစက်ဘီးစီးပြိုင်ပွဲ ကျင်းပခဲ့တယ်။ ဩစတြေးလျနိုင်ငံတစ်ဝန်းက ယေဟောဝါသက်သေ ၃၀၀ လောက်ဟာ အဲဒီပြိုင်ပွဲအတွင်း အများရှေ့သက်သေခံခဲ့ကြတယ်။ နှစ်စဉ်ကျင်းပတဲ့ အဲဒီပွဲကို နိုင်ငံပေါင်း ၇၀ နီးပါးက ဧည့်သည် ၂၀၀,၀၀၀ ကျော် လာရောက်အားပေးခဲ့ကြတယ်။
ညီအစ်ကို/မတွေက စာပေ ၆၀၀ ကျော် ဝေငှနိုင်ခဲ့ပြီး ဧည့်သည်တွေကို သူတို့ ကြိုက်နှစ်သက်ရာ ဘာသာစကားနဲ့ စာပေတွေ ကူးယူနိုင်အောင် ကူညီပေးခဲ့ကြတယ်။ ဧည့်သည် ၁၈ ယောက်က ကျမ်းစာလေ့လာဖို့ တောင်းဆိုတယ်။ သူတို့ထဲကငါးယောက်က အစည်းအဝေးတွေ ပုံမှန်တက်နေပြီ။ ညီအစ်ကိုတစ်ယောက် ပြောသလို “ညီအစ်ကို/မတွေရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။” နောက်ကြေညာသူတစ်ယောက်လည်း အခုလိုပြောပြတယ်– “ညီအစ်ကို/မ အားလုံး ပျော်လို့ရွှင်လို့။ အမှတ်တရကောင်းတွေနဲ့ အိမ်ပြန်ခဲ့ပြီ။ အမှုဆောင်မှာလည်း ပိုဇွဲထက်သန်လာတယ်။”
“ဘုရားသခင်ရဲ့ ကြီးမြတ်မှုအကြောင်း” ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့ကြတဲ့ ဩစတြေးလျက ညီအစ်ကို/မတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။—တရားဟောရာ ၃၂:၃။