မာတိကာဆီ ကျော်သွား

နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။

နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ကူညီပေးနိုင်ပါတယ်။ ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေ နာမကျန်းဖြစ်တဲ့အခါ ဂရုစိုက်ပါတယ်။ သစ္စာရှိတဲ့သူတစ်ဦးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “သူ ဖျားနာချိန်၌ ကိုယ်တော်သည် ကူမတော်မူ၍ သူ့အား ပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။” (ဆာလံ ၄၁:၃ခမ) သင်ဟာ နာတာရှည်ရောဂါ ခံစားနေရတယ်ဆိုရင် အောက်ပါအချက်သုံးချက်က သင့်ကို နှစ်သိမ့်မှုပေးနိုင်ပါတယ်–

  1.  ၁။ ခံနိုင်ရည်ရှိဖို့ ဆုတောင်းပါ။ “စဉ်းစား၍ မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်း” က သင့်ကို အခက်အခဲတွေကြားမှာ ဆက်လက်ခံရပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၆၊ ၇

  2.  ၂။ အပြုသဘောရှိပါ။ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား အရိုးတို့ကို သွေ့ခြောက်စေတတ်၏။” (သုတ္တံ ၁၇:၂၂) ပျော်ပျော်နေတတ်အောင် ကြိုးစားပါ၊ အဲဒါက စိတ်ကို ပေါ့ပါးစေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

  3.  ၃။ အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်ထားပါ။ ခြေမြစ်ခိုင်လုံတဲ့ မျှော်လင့်ချက်က ကျန်းမာရေးမကောင်းတဲ့ကြားက သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်။ (ရောမ ၁၂:၁၂) “ငါတို့ပြည်တွင် နေထိုင်ကြသူအပေါင်းတို့သည် ‘ဖျားနာပါသည်’ ဟူ၍ အဘယ်အခါ၌မျှ ညည်းညူရကြလိမ့်မည်မဟုတ် ” ဆိုတဲ့အချိန် ရောက်လာမယ့်အကြောင်း သမ္မာကျမ်းစာမှာ ကြိုပြောထားပါတယ်။ (ဟေရှာယ ၃၃:၂၄ခမ) ဒီနေ့ခေတ် ဆေးပညာက မကုသပေးနိုင်တဲ့ ရောဂါတွေကို ဘုရားသခင် ကုသပေးပါလိမ့်မယ်။ ဥပမာအနေနဲ့၊ လူအိုတွေ ပြန်နုပျိုလာလိမ့်မယ်ဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုကြိုပြောထားတယ်– “ထိုသူသည် သူငယ်ထက် အသားအရေ နုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅

 သတိပြုရန်– ယေဟောဝါသက်သေတွေဟာ ဘုရားသခင်ရဲ့အကူအညီကို ရယူပေမဲ့ တစ်ချိန်တည်းမှာ နာတာရှည်ရောဂါစတဲ့ ရောဂါတွေအတွက် ဆေးဝါးကုသမှုတွေကို ခံယူပါတယ်။ (မာကု ၂:၁၇) ဒါပေမဲ့လည်း ဆေးဝါးကုသမှုတစ်မျိုးမျိုးကို ထောက်ခံတာမျိုး မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူတိုင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချသင့်တယ်လို့ ကျွန်ုပ်တို့ယူဆပါတယ်။