ယေရှုက သာမန်လူကောင်း တစ်ယောက်ပဲလား။
သမ္မာကျမ်းစာဖြေဆိုရာ
ယေရှုက သာမန်လူကောင်း တစ်ယောက်လောက်ပဲ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကိုယ်တော်ဟာ သမိုင်းမှာ ဩဇာအညောင်းဆုံးသူဖြစ်ကြောင်း ထင်ရှားတယ်။ ထင်ရှားတဲ့ သမိုင်းပညာရှင်တွေနဲ့ စာရေးဆရာတွေက ကိုယ်တော့်အကြောင်း ဘာပြောသလဲဆိုတာ သတိပြုကြည့်ပါ–
“နာဇရက်မြို့သားယေရှုက . . . သမိုင်းမှာ တကယ်ပဲ ဩဇာညောင်းနိုင်စွမ်းရှိသူဖြစ်တယ်။”—အင်္ဂလိပ်လူမျိုးသမိုင်းပညာရှင် အိပ်ချ်. ဂျီ. ဝဲလ်စ်။
“ [ယေရှုဟာ] သမိုင်းတစ်လျှောက်မှာ လူတွေအပေါ် ဩဇာအညောင်းနိုင်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ဩဇာဆက်လက်ညောင်းနေဆဲဖြစ်တယ်။”—အမေရိကန်သမိုင်းပညာရှင်နဲ့စာရေးဆရာ ကက်နက် စကော့ လာတိုးရက်။
ယေရှုဟာ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့တဲ့ လူကောင်းတွေအားလုံးထက် လူတွေအပေါ် ပိုသြဇာသက်ရောက်တာ ဘာဖြစ်လို့လဲဆိုတာကို သမ္မာကျမ်းစာက ဖော်ပြတယ်။ ယေရှုက မိမိကို ဘယ်သူလို့ထင်သလဲဆိုပြီး ရင်းနှီးတဲ့နောက်လိုက်တွေကိုမေးတဲ့အခါ တစ်ယောက်က ခုလို မှန်မှန်ကန်ကန်ပြန်ဖြေခဲ့တယ်– “ကိုယ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်ပါသည်။”—မဿဲ ၁၆:၁၆။