မာတိကာဆီ ကျော်သွား

ကမ္ဘာချီ အချက်အလက် စာစောင်

‘တော့ဂန်ရော့စ် ဘာသာရေးအသင်းအဖွဲ့များ နှင့်အခြား’ နှင့် ‘ရုရှား’

‘တော့ဂန်ရော့စ် ဘာသာရေးအသင်းအဖွဲ့များ နှင့်အခြား’ နှင့် ‘ရုရှား’

‘တော့ဂန်ရော့စ် ဘာသာရေးအသင်းအဖွဲ့များ နှင့်အခြား’ နှင့် ‘ရုရှား’ အမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ စီရင်ချက် အကျဉ်းချုပ် ဖြစ်ပါတယ်။ ယေဟောဝါသက်သေတွေကို ရုရှားအစိုးရ ပိတ်ပင်ခဲ့ခြင်းဟာ ဥပဒေနဲ့မညီဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ ရုရှားအာဏာပိုင်တွေရဲ့ လုပ်ကြံဖော်ပြချက်တွေကိုလည်း တရားရုံးက ပယ်ချခဲ့တယ်။ ဘာသာရေးအသင်းအဖွဲ့နဲ့ ဆက်ဆံရေး၊ စာပေမှာပါတဲ့ အကြောင်းအရာ၊ ဘာသာရေးအတွက် အသုံးပြုတဲ့အချိန်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ရွေးချယ်မှု၊ သက်သေခံမဟုတ်တဲ့ မိသားစုဝင်တွေနဲ့ ပေါင်းသင်းဆက်ဆံမှု၊ သားသမီးတွေကို ဘာသာရေးအကြောင်း သင်ပေးတဲ့ကိစ္စ၊ လူမှုပေါင်းသင်းမှုကိစ္စတွေမှာ မိဘတွေရဲ့ ရွေးချယ်ပိုင်ခွင့်၊ ဟောပြောခြင်းလုပ်ငန်း စတဲ့ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တွေနဲ့ လုပ်ဆောင်မှုအားလုံးဟာ တရားဥပဒေနဲ့ ညီကြောင်း၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ပေါင်းသင်းခွင့်ကို ဥပဒေနဲ့ ကာကွယ်ပေးထားကြောင်း စီရင်ချက်မှာ ဖော်ပြထားတယ်။