၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်
အသစ် တင်ထားရာများ
အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ချင်သူတွေအတွက် အသက်ကန့်သတ်ချက် အပြောင်းအလဲကို နှစ်ပတ်လည် အစည်းအဝေးမှာ ကြေညာခဲ့
ပင်စီဗေးနီးယားပြည်နယ်၊ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှာ ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဗေသလ ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းတွေအတွက် လျှောက်လွှာတင်ဖို့ အသက်ကန့်သတ်ချက်ကို ၁၉ နှစ်ကနေ ၁၈ နှစ်အဖြစ် လျှော့ချပေးလိုက်ကြောင်း ကြေညာခဲ့တယ်။ သတင်းကောင်းဟောပြောသူများအတွက် သင်တန်း လျှောက်လွှာတင်ဖို့ အသက် ကန့်သတ်ချက်ကိုလည်း ၂၃ နှစ်ကနေ ၂၁ နှစ်အဖြစ် လျှော့ချပေးလိုက်ပါတယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီအပြောင်းအလဲ ချက်ချင်း အကျိုးသက်ရောက်ပါတယ်။ ဒီအပြောင်းအလဲကြောင့် အရည်အချင်းပြည့်မီတဲ့ လူငယ်ညီအစ်ကို/မတွေ ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်လုပ်ဆောင်ဖို့ အခွင့်အရေး ရရှိသွားကြပါပြီ။