မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

Amazon Fire တီဗီသုံးပြီး ကြည့်ရှုနိုင်တဲ့ဗီဒီယိုများ

Amazon Fire တီဗီသုံးပြီး ကြည့်ရှုနိုင်တဲ့ဗီဒီယိုများ

ဗီဒီယိုတွေ ကြည့်တဲ့အခါ (ရပ်တာ၊ ပြန်ရစ်တာ၊ ရှေ့ကျော်တာ၊ နောက်တစ်ခုကိုကျော်တာ) စသဖြင့် အဖွင့်အပိတ် ထိန်းချုပ်လို့ ရတယ်။ အုပ်စုမှာပါတဲ့ ဗီဒီယိုတစ်ခု ဒါမှမဟုတ် ဗီဒီယိုအားလုံးကို ကြည့်နိုင်ပါတယ်။

(သတိပြုရန်- သင့်ရဲ့ remote နဲ့ ဒီလမ်းညွှန်မှာ အသုံးပြုတဲ့ remote ပုံစံမတူညီတာ ဖြစ်နိုင်ပါတယ်။)

 ဗီဒီယိုကိုရှာပါ၊ ကြည့်ပါ

ရနိုင်တဲ့ ဗီဒီယိုတွေကို ကြည့်ဖို့ ပင်မစာမျက်နှာရဲ့ ထိပ်ဆုံးက ဗီဒီယို အမျိုးအစား ကို ရွေးပါ။ Amazon Fire TV remote ကိုအသုံးပြုပြီး အမျိုးအစားတွေကိုရှာပါ။ သင် highlight လုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်နိုင်ဖို့ Select ခလုတ်ကို နှိပ်ပါ။

ဗီဒီယိုတချို့ကို အမျိုးအစားအတော်များများမှာ တွေ့နိုင်တယ်။ ဥပမာ၊ သားမိုက်ပြန်လာပြီ ဗီဒီယိုကို ရုပ်ရှင်၊ မိသားစုအတွက်၊ ဆယ်ကျော်သက်များ ဆိုတဲ့ အမျိုးအစားတွေမှာ တွေ့နိုင်တယ်။

ဗီဒီယိုတွေ တစ်ခုမဟုတ်တစ်ခု ဆက်တိုက် ဖွင့်ဖို့ ကြုံရာဖွင့် ကို ရွေးပါ။

တစ်တန်းစီဟာ ဗီဒီယိုတစ်စုစီ ဖြစ်တယ်။ အတန်းပေါ်မှာ တစ်စုစီရဲ့ အမည် တွေ့ရပါမယ်။။

ဗီဒီယိုအုပ်စုတွေကို ရှာဖို့ သင့်အဝေးထိန်းခလုတ်ကို သုံးပါ-

  • Up နဲ့ Down- တခြားအုပ်စုကို ရှာပါ။

  • Left နဲ့ Right- အုပ်စုထဲကဗီဒီယိုတွေကို ရှာပါ။

ဗီဒီယိုတွေ ကြည့်နိုင်တဲ့ နည်းနှစ်မျိုး ရှိတယ်-

  • အားလုံးဖွင့် ကို ရွေးလိုက်ရင် အုပ်စုပါ ဗီဒီယိုအားလုံးကို ပထမဆုံးကနေ ဖွင့်ပေးပါမယ်။

  • ကြုံရာဖွင့် ကို ရွေးလိုက်ရင် အုပ်စုထဲက ဗီဒီယိုတစ်ခုမဟုတ်တစ်ခု ဖွင့်ပေးပါမယ်။

    သတိပြုရန်- အုပ်စုမှာပါတဲ့ ဗီဒီယိုအားလုံးကို ဖွင့်ပြီးတဲ့အခါ playback က ရပ်သွားပါလိမ့်မယ်။

Video Details  မှာပြသနိုင်ဖို့ ဗီဒီယိုတစ်ခုကို ရွေးပါ။

ဒီမျက်နှာပြင်ပေါ်က အောက်ပါတစ်ခုကို ရွေးချယ်ပါ-

  • ဖွင့်- အစကနေ ဖွင့်ပါ။

  • အားလုံးဖွင့်- လက်ရှိဖွင့်နေတဲ့ ဗီဒီယိုကနေစပြီး အုပ်စုမှာပါတဲ့ ဗီဒီယိုအားလုံးကို ဖွင့်ချင်ရင် ဒါကိုရွေးပါ။ အုပ်စုမှာပါတဲ့ဗီဒီယိုအားလုံးကို ဖွင့်ပြီးတဲ့အခါ playback ရပ်သွားပါလိမ့်မယ်။

  • ပြန်ဖွင့်ပါ- ဗီဒီယိုကို ကြည့်ခဲ့တဲ့နေရာကနေ ပြန်စပြီး ကြည့်နိုင်တယ်။

 Video Details  ရဲ့အောက်နားက အတန်းမှာ လက်ရှိအုပ်စုထဲက တခြားဗီဒီယိုတွေကို ပြသထားပေးတယ်။ အုပ်စုရဲ့အတန်းကို ကြည့်နိုင်ဖို့ Down ကိုနှိပ်ပါ၊ Video Details  ကိုပြန်သွားချင်ရင် Up ကိုနှိပ်ပါ။

ဗီဒီယိုအဖွင့်အပိတ် ထိန်းချုပ်ခြင်း

ဗီဒီယိုကို ဖွင့်တဲ့အခါ အဖွင့်အပိတ်တွေကို Amazon Fire TV remote နဲ့ အောက်ပါအတိုင်း ထိန်းချုပ်နိုင်တယ်-

  • Play/Pause-  ဗီဒီယိုကို ရပ်ပါ။ ပြန်ဖွင့်ချင်ရင် အဲဒီခလုတ်ကိုပဲ ထပ်နှိပ်ပါ။

  • Fast Forward  ဒါမှမဟုတ် Right- ရှေ့ကို မြန်မြန်ကျော်ပါ။ သင်ကြည့်ချင်တဲ့နေရာကို ရောက်ပြီဆိုရင် Play ကိုနှိပ်ပါ။

  • Rewind ဒါမှမဟုတ် Left- အနောက်ကို မြန်မြန်ပြန်ရစ်ပါ။ သင်ကြည့်ချင်တဲ့နေရာကို ရောက်ပြီဆိုရင် Play ကိုနှိပ်ပါ။

  •  Back- ဗီဒီယိုအသေးစိတ်ကိုပြန်သွားပါ။

မကြာသေးခင်ကတင်ထားတဲ့ ဒါမှမဟုတ် ရရှိနိုင်တဲ့ ဗီဒီယိုတွေကိုကြည့်ပါ

JW ရုပ်သံထုတ်လွှင့်မှု ပင်မစာမျက်နှာမှာ အထူး ဗီဒီယိုအမျိုးအစား နှစ်ခုပါတယ်-

  1. ၁။ ရနိုင်တဲ့ဗီဒီယိုများ- ပတ်စဉ် အစည်းအဝေး ဒါမှမဟုတ် မိသားစုဝတ်ပြုမှုနဲ့ပတ်သက်တဲ့ အထူးစိတ်ဝင်စားစရာ ဗီဒီယိုတွေ ပါတယ်။

  2. ၂။ နောက်ဆုံးထွက်- နောက်ဆုံးထွက် ဗီဒီယိုတွေ ပါတယ်။