မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

Amazon Fire တီဗီ မှာပါတဲ့ အော်ဒီယိုနဲ့ ဗီဒီယိုတွေကို ရှာပါ

Amazon Fire တီဗီ မှာပါတဲ့ အော်ဒီယိုနဲ့ ဗီဒီယိုတွေကို ရှာပါ

ရှာဖွေ ဆိုတဲ့ သင်္ကေတကို နှိပ်ပြီး JW ရုပ်သံထုတ်လွှင့်မှုမှာ လိုချင်တာကို ရှာပါ။

ပင်မစာမျက်နှာပေါ်က ရှာဖွေပါ ဆိုတဲ့အပိုင်းကို သွားပြီး Select ခလုတ်ကို နှိပ်ရင် ရှာဖွေပါ ဆိုတဲ့အကွက် ပေါ်လာမယ်။ စတင်ရှာဖွေနိုင်ဖို့ Select ကိုထပ်နှိပ်ပါ။

ရှာဖွေပါ ဆိုတဲ့အကွက်မှာ ကိုယ်ရှာချင်တာကို ရိုက်ထည့်ပြီး Select ကို နှိပ်ပါ။ ဥပမာ၊ ခေါင်းစဉ်၊ အဓိကပါဝင်သူရဲ့နာမည်၊ အခါသမယတွေရဲ့ စကားလုံးတချို့ကို ရိုက်ထည့်ပါ။ ကိုက်ညီတဲ့ အကြောင်းအရာတွေ ပေါ်လာမယ်။ remote မှာ Up, Down, Left, Right ခလုတ်တွေကို နှိပ်ပြီး ကိုယ်ကြည့်ချင်တဲ့အစီအစဉ်ကို ရှာပါ။ ကိုယ်ရှာနေတဲ့အစီအစဉ်ရဲ့ ရုပ်ပုံ ဒါမှမဟုတ် ခေါင်းစဉ်ကို ထောက်ပြီး Select ကို နှိပ်ပါ။

ခေါင်းစဉ်မှာပါတဲ့ စကားစုတစ်ခုကို မျက်တောင်အဖွင့်အပိတ်နဲ့ အတိအကျရိုက်ထည့်ပြီး ရှာနိုင်တယ်။

ရှာဖွေမှုရလဒ်မှာ အော်ဒီယိုနဲ့ ဗီဒီယိုတွေ ပါတယ်။ ဗီဒီယိုကိုပဲ ကြည့်ချင်ရင် ဗီဒီယို ကိုနှိပ်ပါ။ အော်ဒီယိုကိုပဲ နားထောင်ချင်ရင် အော်ဒီယို ကိုနှိပ်ပါ။

ရိုက်ထည့်တဲ့စကားစုနဲ့ အကိုက်ညီဆုံး ၂၄ ခု ပေါ်လာမယ်။ စုစုပေါင်းရလဒ်ကိုလည်း ဖော်ပြတယ်။ (ဥပမာ၊ “၂၈ ခုအနက် ၂၄”)။

ကိုယ်ရှာချင်တာ မတွေ့ဘူးဆိုရင် စကားလုံးအပြည့်အစုံ ရိုက်ထည့်ပါ။ ဥပမာ၊ လစဉ် ရုပ်သံထုတ်လွှင့်မှုတစ်ခုကို ရှာချင်ရင် “ရုပ်သံထုတ်လွှင့်မှု” ဆိုပြီး ရိုက်ထည့်ပါ။ ပြီးရင် လနဲ့ နှစ်၊ အစီအစဉ်တင်ဆက်တဲ့ ညီအစ်ကိုနာမည် ဒါမှမဟုတ် အဲဒီလမှာ သုံးသပ်ခဲ့တဲ့ အဓိကအကြောင်းအရာကို ရိုက်ထည့်ပါ။