မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

မေးတတ်တဲ့ မေးခွန်းများ​—JW ရုပ်သံထုတ်လွှင့်မှု (Roku)

မေးတတ်တဲ့ မေးခွန်းများ​—JW ရုပ်သံထုတ်လွှင့်မှု (Roku)

JW ရုပ်သံထုတ်လွှင့်မှုကို ဦးဆုံးထုတ်တဲ့ Roku မော်ဒယ်တွေနဲ့ ဖွင့်လို့ရမှာ မဟုတ်ပါ။

 

Roku အတွက်ရနိုင်တဲ့ ဘာသာစကားများ စာရင်းကို ကြည့်ပါ။ ဘာသာစကားများ ရွေးချယ်နိုင်ဖို့ ပင်မစာမျက်နှာပေါ်က ချိန်ညှိစရာများ ကိုသွားပါ၊ ဘာသာစကားရွေးချယ် ဆိုတာကို အသုံးပြုပါ။

 

JW ရုပ်သံထုတ်လွှင့်မှု App ကို အခမဲ့ download လုပ်ပြီး သုံးနိုင်ပါတယ်။

 

Roku account ဖန်တီးတဲ့အခါ ခိုင်မာတဲ့ credit card သုံးဖို့လိုအပ်ပါတယ်။ Roku Channel Store မှာပါဝင်တာအားလုံးကို အခမဲ့မရနိုင်လို့ပါ။ ဝယ်ယူဖို့ ရွေးချယ်လိုက်ပြီဆိုမှ သင့်ဆီမှာ အဖိုးအခတောင်းပါလိမ့်မယ်။ ထပ်သိချင်ရင် Roku support section မှာကြည့်ပါ။

 

Roku လိုင်းကနေ JW ရုပ်သံထုတ်လွှင့်မှု ကြည့်တဲ့အခါ မကြာသေးခင်က တင်ထားတဲ့ ဗီဒီယိုတချို့မှာ ဗီဒီယို စာတန်းထိုး ကဏ္ဍ ခေတ္တခဏ မရတာ ရှိနိုင်ပါတယ်။ သိပ်မကြာခင် ပြန်ရပါလိမ့်မယ်။ အဲဒီအတောအတွင်း ဗီဒီယို စာတန်းထိုး ကြည့်ချင်တဲ့ Roku လိုင်း သုံးသူတွေအနေနဲ့ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်း/တက်ဘလက်ကနေ tv.pr418.com ကို ဖွင့်ကြည့်နိုင်ပါတယ်။ စာတန်းထိုး ပေါ်စေဖို့ မျက်နှာပြင် ချိန်ညှိစရာများမှာ စာတန်းထိုး ပါရင် ဖော်ပြပေးပါ အကွက်ကို အမှတ်အသား လုပ်ထားပါ။

 

Roku ဒါမှမဟုတ် JW ရုပ်သံထုတ်လွှင့်မှုကို ကျွမ်းကျင်တဲ့မိတ်ဆွေက အကူအညီပေးနိုင်ပါတယ်။ သင့်မေးခွန်းက Roku device ဒါမှမဟုတ် account နဲ့ပတ်သက်တယ်ဆိုရင် Roku’s online support မှာကြည့်ပါ။ JW ရုပ်သံထုတ်လွှင့်မှု app နဲ့ပတ်သက်ပြီး ပြဿနာရှိရင် online help form ကို ဖြည့်စွက်ပြီးပို့ပေးပါ။