မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW ရုပ်သံထုတ်လွှင့်မှု

Roku မှာ JW ရုပ်သံထုတ်လွှင့်မှု App ကို install လုပ်ပါ

Roku မှာ JW ရုပ်သံထုတ်လွှင့်မှု App ကို install လုပ်ပါ

Roku မှာ JW ရုပ်သံထုတ်လွှင့်မှု ကိုမကြည့်ရှုခင် Roku player ကို set up လုပ်ဖို့လိုပြီး JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်ပါ။ အောက်ပါအဆင့်တွေအတိုင်း စလုပ်ပါ–

 Roku Player ကို set up လုပ်ပါ

Set up လုပ်နိုင်ဖို့၊ အင်တာနက်ချိတ်ဆက်ဖို့ Roku Player မှာ ညွှန်ကြားချက်တွေ ရှိမယ်။ Roku Player ကို အင်တာနက်ချိတ်ဆက်နိုင်ပြီဆိုရင် on–screen ညွှန်ကြားချက်တွေအတိုင်း set up လုပ်ပါ။

သတိပြုရန်– set up ညွှန်ကြားချက်အတွက် ကွန်ပျူတာ ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေကနေတဆင့် အင်တာနက်ချိတ်ဆက်ဖို့ လိုပါလိမ့်မယ်။

Set up လုပ်နေတဲ့အချိန်အတွင်း Roku player ကို ချိတ်ဆက်ထားသင့်တယ်။ ဒီလိုချိတ်ဆက်နိုင်ဖို့ www.roku.com/link ထဲဝင်ပြီး တီဗီ screen မှာ code ရိုက်ထည့်ပါ။ Roku account ဖွင့်ဖို့ ကွန်ပျူတာ ဒါမှမဟုတ် မိုဘိုင်းဖုန်းတွေထဲက ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။

သင့် account နဲ့ Roku player ချိတ်ဆက်နိုင်ပြီဆိုရင် တီဗီ screen အသစ်ဖြစ်သွားပါလိမ့်မယ်။

သင့်ရဲ့ စက်မှာ Roku ကို setup လုပ်ဖို့ ထပ်ဆင့်အချက်အလက်တွေအတွက် Roku ဝက်ဘ်ဆိုက်ရဲ့  Support အပိုင်းကိုကြည့်ပါ။

 ကွန်ပျူတာကနေ JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်ပါ

Roku player ဆိုတာ video–playing ဆော့ဖ်ဝဲ (ဒါမှမဟုတ် “လိုင်းတွေ”) ကို run ပေးနိုင်တဲ့ ကိရိယာဖြစ်တယ်။ သင်ကြည့်ချင်တဲ့ ဗီဒီယိုတွေပါတဲ့လိုင်းတွေ ထည့်ပေးဖို့လိုတယ်။ လိုင်းအသစ်ထည့်နိုင်တဲ့နည်းကတော့ ကွန်ပျူတာကနေဖြစ်တယ်။

  • ဘယ်အင်တာနက် browser ကနေမဆို Roku Channel Store ရဲ့ JW ရုပ်သံထုတ်လွှင့်မှု စာမျက်နှာကို ဝင်ပါ။

  • သင်က log in မလုပ်ရသေးဘူးဆိုရင် Roku account ကို Log in လုပ်ပါ။

  • Add Channel  ကိုနှိပ်ပါ။ လိုင်းထည့်ပြီးတာနဲ့ အစိမ်းရောင် Add Channel  အစား Install ပြောင်းသွားပါလိမ့်မယ်။

ဝက်ဘ် browser ထဲကလိုင်းကိုထည့်တာနဲ့ Roku player က ချက်ချင်း install မလုပ်သေးဘူး။ အဲဒီလိုင်းက queue ထဲမှာပဲ ရှိနေမှာဖြစ်တယ်။ အဲဒီလိုင်းကို အခု Roku player ထဲ install လုပ်ဖို့ လိုတယ်။

  • Roku remote မှာ Home ကိုနှိပ်ပါ။

  • Up ဒါမှမဟုတ် Down arrow  သုံးပြီး Settings ကိုသွားပါ။

  • OK ကိုနှိပ်ပါ။

  • Settings စာမျက်နှာမှာ System Update  ကိုရှာပါ။ တွေ့ရင် OK ကို နှိပ်ပါ။ System Update  စာမျက်နှာ ပေါ်လာပါလိမ့်မယ်။ screen ရဲ့ ညာဘက်ခြမ်းမှာ Check Now  ကိုမြင်သာအောင် လုပ်ထားပေးတယ်။

  • OK ကိုနှိပ်ပါ။

အခု Roku player က queue ထဲ သင်ထည့်လိုက်တဲ့ လိုင်းတွေကို စစ်ဆေးပြီး install လုပ်မှာဖြစ်တယ်။

  • Roku ရဲ့ပင်မစာမျက်နှာကို ပြန်သွားပါ။ main menu က My Channels  ကိုရွေးပါ။ Roku player ထဲမှာ install လုပ်ထားတဲ့ JW ရုပ်သံထုတ်လွှင့်မှုအပါအဝင် လိုင်းအားလုံးကို ဒီ screen မှာ ပြထားပါတယ်။

  • jw.org logo ကို သွားပါ။ JW ရုပ်သံထုတ်လွှင့်မှုကိုကြည့်နိုင်ဖို့ OK ကိုနှိပ်ပါ။

 Roku ကနေ JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်ပါ

Roku player ကနေလည်း JW ရုပ်သံထုတ်လွှင့်မှုကို တိုက်ရိုက် install လုပ်နိုင်ပါတယ်။

  • Roku ရဲ့ ပင်မစာမျက်နှာကို သွားပါ။

  • Roku remote မှာ Up ဒါမှမဟုတ် Down arrow  ကိုသုံးပြီး main menu ထဲက Search ကိုရှာပါ။

  • OK ကိုနှိပ်ပါ။

Roku ရဲ့ Search မှာ သင်ရိုက်ထည့်တဲ့ ရုပ်ရှင်တွေ၊ တီဗီရှိုးတွေ၊ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ ဂိမ်းတွေနဲ့ လိုင်းတွေကို ရှာနိုင်တယ်။ JW ရုပ်သံထုတ်လွှင့်မှုဆိုတာ လိုင်းတစ်လိုင်းဖြစ်တဲ့အတွက် ဘေးမှာ လိုင်းသင်္ကေတပါတာကို ရှာပါ။ JW ရုပ်သံထုတ်လွှင့်မှုကို ရှာဖို့ အောက်ပါ စကားလုံးတစ်လုံးကို ရိုက်ထည့်ပါ–

  • jw broadcasting

  • jw.org

  • jwtv

  • Jehovah

  • JW ရုပ်သံထုတ်လွှင့်မှုဆိုတာ ပေါ်လာပြီဆိုရင် လိုင်းနာမည်မတွေ့မချင်း Right arrow ကိုနှိပ်ပါ။ တွေ့ရင် OK ကိုနှိပ်ပါ။ Add channel option က သိသာနေမယ်။

  • JW ရုပ်သံထုတ်လွှင့်မှုကို install လုပ်ဖို့ OK ကိုထပ်နှိပ်ပါ။

JW ရုပ်သံထုတ်လွှင့်မှုကို ကြည့်ရှုချင်တယ်ဆိုရင် Go to channel  ကိုရွေးပါ ဒါမှမဟုတ် Roku ရဲ့ ပင်မစာမျက်နှာကို ပြန်သွားပြီး My Channels  အောက်မှာ JW ရုပ်သံထုတ်လွှင့်မှုကိုရှာပါ။