မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LANGUAGE

မေးတတ်တဲ့ မေးခွန်းများ​—JW Language (Android)

မေးတတ်တဲ့ မေးခွန်းများ​—JW Language (Android)

JW Language ကို အောက်ပါ စက်အမျိုးအစားတွေမှာ အသုံးပြုနိုင်ပါတယ်-

  • Android တက်ဘလက်နဲ့ ဖုန်းများ (ဗားရှင်း ၅.၀ နဲ့ နောက်ပိုင်းထုတ်)

  • Kindle Fire

အောက်ပါစက်တွေအတွက် အထောက်အကူပေးဖို့ အစီအစဉ် မရှိပါ-

  • ဗားရှင်း ၄.၄ နဲ့ အစောပိုင်းထုတ် တက်ဘလက်တွေနဲ့ ဖုန်းတွေ

 

JW Language ထဲက ပါဝင်ရာတွေကို Wi-Fi နဲ့ပဲဖြစ်ဖြစ်၊ cellular data နဲ့ပဲဖြစ်ဖြစ် ကူးယူနိုင်ပါတယ်။ main menu မှာရှိတဲ့ ဆက်တင် ကိုနှိပ်ပါ။ Download over cellular ဘေးက ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ထားနိုင်တယ်။

 

Android 6.0 နဲ့ နောက်ပိုင်းထုတ်တဲ့ စက်တွေမှာပဲ အသံဖွင့်နှုန်းကို ပြင်လို့ရပါတယ်။ အဓိက menu bar မှာရှိတဲ့ ဆက်တင် ကိုနှိပ်ပြီး ပုံသေအဖွင့်နှုန်း ဘေးမှာရှိတဲ့ ခလုတ်ကို နှိပ်ပါ။ မြန်နှုန်း သုံးခုရှိပြီး ကိုယ်နှစ်သက်ရာ ပြောင်းနိုင်တယ်။ လုပ်ဆောင်နိုင်ရာကို အသုံးပြုနေစဉ် အဲဒီလုပ်ဆောင်နိုင်ရာမှာရှိတဲ့ အသံဖွင့်နှုန်းကို ပြင်နိုင်တဲ့ ခလုတ်ကို အသုံးပြုပြီး ပြင်နိုင်ပါတယ်။

 

မရပါဘူး။ သင့်ရဲ့ စက်မှာ JW Language နေရာစား သက်သာဖို့-

  • စာပေအားလုံးကို ကူးယူမယ့်အစား သတ်သတ်မှတ်မှတ် စာပေတွေကိုပဲ ကူးယူပါ

  • ဗီဒီယိုကူးတဲ့အခါ မက်ဂါဘိုက် နည်းတာကို ကူးယူပါ

 

သဒ္ဒါအသွင်အပြင်မှာ အသံထွက်ပေးတဲ့စာသား (TTS) ကို အသုံးပြုထားတယ်။ သင်ယူနေတဲ့ ဘာသာစကားကို အသံအရည်အသွေး ကောင်းကောင်းကြားနိုင်ဖို့ TTS app နောက်တစ်ခုကို install လုပ်ဖို့ လိုမယ်။ JW Language app ဆက်တင်မှာ အသံမြန်နှုန်းကို ချိန်ညှိနိုင်တယ်။

 

အသံဖွင့်နှုန်း ပြင်ဆင်နိုင်မှုတွေလိုမျိုး တချို့အသွင်အပြင်တွေကို Android 6.0 နဲ့ နောက်ပိုင်းထုတ် စက်တွေမှာပဲ အသုံးပြုနိုင်ပါတယ်။

ဒါကိုလည်း ကြည့်ပါ- ကျွန်တော့်ရဲ့ စက်မှာ ဒီ app ကို အသုံးပြုနိုင်ပါသလား။

 

အဓိကဘာသာစကားက သင်သိထားပြီးသား ဘာသာစကားဖြစ်တယ်။ setup လုပ်တဲ့အခါ အဓိကဘာသာစကား ကိုနှိပ်ပြီး သင့်ရဲ့ အဓိကဘာသာစကားကို ရွေးပါ။

ဒါကိုလည်းကြည့်ပါ- အဓိကဘာသာစကားကို ဘယ်လိုပြောင်းရမလဲ။

 

Main menu မှာရှိတဲ့ ချိန်ညှိဇယား ကိုနှိပ်ပါ။ မိခင်ဘာသာစကား ပြောင်းနိုင်တဲ့ နေရာကနေ ဘာသာစကားကို ပြောင်းပါ။

 

သင်ယူချင်တဲ့ ဘာသာစကားကို JW Language သင့်စက်ထဲ စထည့်ကတည်းက ရွေးနိုင်ပါတယ်။

ဒါကိုလည်း ကြည့်ပါ- သင်ယူမယ့် ဘာသာစကားကို ဘယ်လို ပြောင်းနိုင်သလဲ။

 

ဘာသာစကား ရွေးချယ်နိုင်တဲ့နေရာကနေ သင်ယူချင်တဲ့ နောက်ဘာသာစကားကို ရွေးပါ။

ဒါကိုလည်း ကြည့်ပါ- သင်ယူချင်တဲ့ ဘာသာစကားကို တစ်ခုထက်မက ယူလို့ရသလား။

 

ရပါတယ်။ သင်ယူချင်တဲ့ ဘာသာစကားတွေကို ကူးယူထားလို့ ရပါတယ်။ ဘာသာစကား ရွေးချယ်နိုင်တဲ့ ခလုတ်ကိုနှိပ်ပြီး နောက်ထပ် သင်ယူချင်တဲ့ ဘာသာစကားကို ရွေးပါ။

ဒါကိုလည်း ကြည့်ပါ- သင်ယူမယ့်ဘာသာစကားကို ဘယ်လို ပြောင်းနိုင်သလဲ။

 

စကားလုံး၊ စကားစု၊ ရုပ်ပုံ ဘေးက menu ကိုနှိပ်ပြီး စုဆောင်းထားရာများမှာ သိမ်းပါ ကိုနှိပ်ပါ။ အသစ်တစ်ခု ဖန်တီးချင်ရင် စုဆောင်းထားရာ အသစ်ကို ဖန်တီးပါ ကိုနှိပ်ပြီး နာမည်တပ်ပါ။ အင်တာနက်နဲ့ ချိတ်ဆက်ထားချိန်အတွင်း စကားစုတွေကို စုဆောင်းထားရာများမှာ သိမ်းထားမယ်ဆိုရင် အသံဖိုင်ကိုလည်း အလိုအလျောက် ကူးယူပေးမှာဖြစ်တဲ့အတွက် အင်တာနက်ပိတ်ထားချိန်မှာလည်း အသုံးပြုနိုင်တယ်။

 

စုဆောင်းထားရာများ ထဲမှာရှိတဲ့ တစ်ခုခုကို ကူးယူ ဒါမှမဟုတ် ဖယ်ရှားဖို့ အဲဒီတစ်ခုရဲ့ ဘေးက menu ကိုနှိပ်ပါ။ စုဆောင်းထားရာများမှာ ရှိနေတဲ့ အရာတွေကို ပြန်နေရာစီချင်တယ်ဆိုရင် အဲဒီတစ်ခုကို ဖိထားပြီး အပေါ်/အောက် ဆွဲတင်ပြီး စီနိုင်ပါတယ်။

 

စုဆောင်းထားရာတစ်ခုမှာ လုပ်ဆောင်စရာများ စာရင်းကို ကြည့်ချင်တယ်ဆိုရင် လုပ်ဆောင်မှုစတင် ခလုတ်ကို နှိပ်ပါ-

  • ကြည့်ပါ- သင် မြင်တဲ့အရာနဲ့ ကိုက်ညီတဲ့ ဘာသာပြန်ချက်ကို ရွေးပါ

  • ကိုက်ညီရာ- ရုပ်ပုံနဲ့ကိုက်ညီတဲ့စာ ဒါမှမဟုတ် စာနဲ့ကိုက်ညီတဲ့ ရုပ်ပုံကို ရွေးပါ

  • နားထောင်ပါ- သင် ကြားတဲ့အရာနဲ့ ကိုက်ညီတဲ့ ဘာသာပြန်ချက်ကို ရွေးပါ

  • ကတ်ပြား ကစားနည်း- အဖြေမှန်ကို မနှိပ်ခင် စကားစုရဲ့ အဖြေကို မှန်းဆပါ။ အသံဖွင့်နှုန်း ရွေးနိုင်တဲ့ ခလုတ်ကိုသုံးပြီး မြန်နှုန်းကို ချိန်ညှိနိုင်ပါတယ်။ အသံဖိုင်ကို ဖွင့်ချင်/ပိတ်ချင်ရင် အသံခလုတ်ကို နှိပ်ပါ။

  • အသံဖိုင် သင်ခန်းစာများ- စုထားတဲ့ စကားစုတွေကို နားထောင်ပါ။ Edit ခလုတ်ကိုနှိပ်ပြီး သင်စီချင်တဲ့ အစဉ်အလိုက်အတိုင်း ပြန်စီနိုင်ပါတယ်။

 

ရပါတယ်။ main menu မှာရှိတဲ့ ချိန်ညှိဇယား ကိုနှိပ်ပြီး အသံလှယ်ထားတာကိုပြပါ ခလုတ်ကို ပိတ်လိုက်နိုင်ပါတယ်။

 

အင်တာနက် မဖွင့်ထားရင်တောင် ပါဝင်ရာတွေ ပေါ်နေမှာဖြစ်တယ်။ အင်တာနက်ဖွင့်ထားချိန်မှာ အသံထွက်ကို တိုက်ရိုက်နားထောင်ဖို့ စကားစုတစ်ခုကို နှိပ်ပါ။ အင်တာနက် ပိတ်ထားချိန်မှာ အသုံးပြုဖို့ အသံဖိုင်၊ ဗီဒီယိုဖိုင်ကို ကူးယူထားချင်ရင် ကူးယူပါ ခလုတ်ကို နှိပ်ပါ။ သင်ယူချင်တဲ့ ဘာသာစကားနဲ့ ပါဝင်ရာအားလုံးရဲ့ အသံဖိုင်၊ ဗီဒီယိုဖိုင်ကို ကူးယူထားချင်ရင် ဘာသာစကား ရွေးချယ်နိုင်တဲ့ ခလုတ်ကို နှိပ်ပြီး သင်ယူချင်တဲ့ ဘာသာစကားဘေးက အားလုံး ကူးယူ ကိုနှိပ်ပါ။

 

ရပါတယ်။ သင် စုဆောင်းထားတာတွေနဲ့ သုံးခဲ့ရာတွေအတွက် Back Up လုပ်လို့ရပါတယ်။ ချိန်ညှိဇယား ကနေ Back Up နဲ့ ပြန်လည်ထည့်သွင်း အပိုင်းကိုရွေးပါ။ အရန်သိမ်းထားတဲ့ဖိုင် ရှိတယ်ဆိုရင် သင် စုဆောင်ထားရာများနဲ့ သုံးခဲ့ရာများကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လည်ထည့်သွင်း လို့ရပါတယ်။ သင်စုဆောင်းထားရာများကို စက်ထဲက စုဆောင်းထားရာများနဲ့ နာမည်တူ ပေးထားမယ်ဆိုရင် ရှိနေတဲ့ဖိုင်ကို အစားထိုးလိုက်ပါလိမ့်မယ်။

 

JW Language ကောင်းကောင်းသုံးတတ်တဲ့ မိတ်ဆွေတစ်ဦးကို အကူအညီတောင်းခံနိုင်တယ်။ ဒါမှမဟုတ် နီးစပ်ရာဌာနခွဲရုံးကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်။