JW LANGUAGE
iPad, iPhone, iPod touch အတွက် အထောက်အကူ
JW Language app က ယေဟောဝါသက်သေများရဲ့ တရားဝင် app ဖြစ်ပါတယ်။ ဘာသာစကားအသစ် သင်ယူနေသူတွေ အမှုဆောင်လုပ်ငန်းနဲ့ အသင်းတော် အစည်းအဝေးတွေမှာ ကောင်းစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့၊ ဝေါဟာရတွေ တိုးသိလာစေဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
ဗားရှင်း ၂.၅ မှာ အသစ်တင်ထားရာများ
သဒ္ဒါအသွင်အပြင်- စကားလုံးတွေကြောင့် ဝါကျပြောင်းလဲသွားပုံကို လေ့လာပါ။ သင်ယူနေတဲ့ဘာသာစကားရဲ့ သဒ္ဒါနဲ့ ဝါကျတည်ဆောက်ပုံကို နားလည်လာပါလိမ့်မယ်။ ဝါကျမှာပါတဲ့ စကားလုံးတွေကို အနည်းကိန်းကနေ အများကိန်းအဖြစ်၊ အနာဂတ်ကာလပြကို အတိတ်ကာလပြအဖြစ် ပြောင်းကြည့်ပါ။
အခု၊ ဒီ app ရဲ့ Home tab မှာ Settings ဆိုတဲ့အပိုင်း ရှိပြီ
သတိပြုရန်-
ဒီသဒ္ဒါအသွင်အပြင်မှာ အင်္ဂလိပ်အက္ခရာနဲ့ အသံလှယ်ရေးထားခြင်း မရနိုင်ပါ။
သဒ္ဒါအသွင်အပြင်မှာ အသံထွက်ပေးတဲ့စာသားကို အသုံးပြုထားတယ်။ ဒါကြောင့် သင့်စက်မှာ ဘာသာစကားနဲ့ အသံကို ချိန်ညှိထားနိုင်ပါတယ်။
သဒ္ဒါအသွင်အပြင်ကို အောက်ပါဘာသာစကားတွေနဲ့ ရနိုင်ပါပြီ- ဘင်္ဂါလီ၊ တရုတ် ကန်တုံ (ရှေးသုံး)၊ တရုတ် မန်ဒရင်း (ခေတ်သုံး)၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဟင်ဒီ၊ အင်ဒိုနီရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေး၊ မြန်မာ၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ဆွာဟီလီ၊ တဂါးလော့၊ ထိုင်း၊ တူရကီ၊ ဗီယက်နမ်
ဒီအပိုင်းမှာ
မေးတတ်တဲ့ မေးခွန်းများ—JW Language (iOS)
မေးတတ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာကြည့်ပါ။