မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY SIGN LANGUAGE

JW Library Sign Language ထည့်သွင်းနိုင်ပုံ—Android ရဲ့ App Store ကို သုံးလို့မရရင်

JW Library Sign Language ထည့်သွင်းနိုင်ပုံ—Android ရဲ့ App Store ကို သုံးလို့မရရင်

သင့်ဖုန်း/တက်ဘလက်ထဲက Google Play Store ဒါမှမဟုတ် Amazon Appstore စတဲ့ တရားဝင် app store တစ်ခုခုကနေ JW Library Sign Language ထည့်သွင်းလို့ မရရင် JW Library Sign Language Android Package Kit (APK) ကိုသုံးပြီး ကိုယ်တိုင် ထည့်သွင်းနိုင်တယ်။

JW Library Sign Language APK ကို ထည့်သွင်းဖို့ဆိုရင် သင့်ဖုန်း Setting မှာ “install unknown apps” ဒါမှမဟုတ် “allow installation from unknown sources” ကို ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်လို ဖွင့်ရမလဲဆိုတာ သိနိုင်ဖို့ သင့် Android ဖုန်း/တက်ဘလက်ရဲ့ လမ်းညွှန်ကို လေ့လာကြည့်ပါ။

JW Library Sign Language APK ကို ကူးယူထည့်သွင်းဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်ပါ–

  1. သင့်စက်ထဲ APK ဖိုင်ကို သိမ်းဆည်းဖို့ ဒီစာမျက်နှာမှာပါတဲ့ ကူးယူပါ ကို နှိပ်ပါ။

  2. JW Library Sign Language ကို သင့်ဖုန်း/တက်ဘလက်ထဲ ထည့်သွင်းဖို့ ကူးယူထားတဲ့ ဖိုင်ကို ရှာပြီး နှိပ်ပါ။

JW Library Sign Language APK ကို ထည့်သွင်းပြီးသွားတဲ့အခါ ဗားရှင်းအသစ် တင်ထားမထား မကြာခဏ စစ်ဆေးပါ။ စစ်ဆေးဖို့ အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ပါ–

  1. သင့်စက်မှာ လောလောဆယ် ထည့်သွင်းထားတဲ့ ဗားရှင်းကို သိရဖို့ JW Library Sign Language ထဲက Settings ကို ဖွင့်ပါ။

  2. သင့်စက်ထဲက ဗားရှင်းနံပါတ်ဟာ ကူးယူပါ အောက်မှာပါတဲ့ ဗားရှင်းနံပါတ်ထက် နိမ့်နေတယ်ဆိုရင် အထက်မှာဖော်ပြထားတဲ့ အဆင့်တွေအတိုင်း APK ကို ပြန်လည် ကူးယူထည့်သွင်းပါ။

ဗားရှင်း: 5.1.2 (384897)