AndroidTM စက်တွေအတွက် JW Library
JW Library ဆိုတာ ယေဟောဝါသက်သေများရဲ့ တရားဝင် app တစ်ခု ဖြစ်တယ်။ အဲဒီ application ထဲမှာ ကျမ်းစာဘာသာပြန်ကျမ်း အမျိုးမျိုးအပြင် ကျမ်းစာလေ့လာနိုင်ဖို့ အထောက်အကူပြု စာအုပ်တွေနဲ့ စာစောင်တွေလည်း ရှိတယ်။
အသွင်အပြင်သစ်များ
ဇွန် ၂၀၂၄ (Version 15.0)
လက်သင်္ကေတပြဘာသာစကားနဲ့ စာပေဗီဒီယိုတွေကို ကူးယူနိုင်ပါပြီ။
စာစောင်တွေမှာ မျက်နှာဖုံးရုပ်ပုံပါမယ်ဆိုရင် မာတိကာမှာ ပေါ်နေပါမယ်။
ကျမ်းချက်နဲ့ စာပေတွေမှာ အရောင်ခြယ်မှတ်သားထားတာတွေဟာ ဘေးက လေ့လာမှုအကွက်မှာ ပေါ်နေမယ်။ လေ့လာမှုအကွက်မှာတော့ အရောင်ခြယ်ထားတာတွေကို ပြောင်းလို့မရပါ။
လက်ရှိလေ့လာနေတဲ့ ကင်းမျှော်စင် လေ့လာရန် ဆောင်းပါးဟာ အစည်းအဝေးများအပိုင်းမှာ တိုက်ရိုက်ပေါ်နေမယ်။
ဧပြီ ၂၀၂၄ (Version 14.3)
ကျမ်းစာလေ့လာမှုလမ်းညွှန်ထဲက အကြောင်းအရာတွေနဲ့ ကျမ်းပြိုင်တွေကို ကြည့်ဖို့ ကျမ်းချက်ရဲ့ ရတနာသင်္ကေတကို နှိပ်ပါ။
ကိုယ်ပိုင်လေ့လာမှုမှတ်စုတွေက ညာဘက်မှာရှိတဲ့ လေ့လာမှုအကွက်ရဲ့ ထိပ်ဆုံးမှာ ပေါ်နေမယ်။
ဖေဖော်ဝါရီ ၂၀၂၄ (Version 14.2)
ဖြတ်တောက်မှုစနစ်ကို အသုံးပြုပြီး Playlist မှာရှိတဲ့ ဗီဒီယို၊ အသံဖိုင်တွေရဲ့ လိုချင်ရာအပိုင်းကို ရွေးချယ်ဖွင့်နိုင်တယ်။
ဒီအပိုင်းမှာ
JW Library ကို စတင်အသုံးပြုခြင်း—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ရဲ့အဓိကအသွင်အပြင်တွေ အသုံးပြုပုံကို လေ့လာပါ။
ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ပုံကို လေ့လာပါ။
စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ပုံကို လေ့လာပါ။
မှတ်သားထားရာများ (Bookmarks) အသုံးပြုနည်း—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ စာပေတွေကို မှတ်သားထားရာများ (Bookmarks) အသုံးပြုနိုင်ပုံကို လေ့လာပါ။
သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ သုံးခဲ့ရာများ (History) ကို အသုံးပြုပုံကို လေ့လာပါ။
ဖတ်ရှုရာမှာ ထပ်ရွေးချယ်စရာများ—Android
Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ ဖတ်ရှုရာမှာ ထပ်ရွေးချယ်စရာများ အသုံးပြုပုံကို လေ့လာပါ။
ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေခြင်း—Android
Android စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေထဲက JW Library ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေနိုင်ပုံနဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် ထဲက အကြောင်းအရာ ရှာဖွေနိုင်ပုံကို လေ့လာပါ။
စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံ—Android
Android စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံကို လေ့လာပါ။
App Store—Android ထဲ ဝင်လို့ မရရင် JW Library ထည့်သွင်းနည်း
အက်ပ်စတိုးကနေ JW Library ထည့်သွင်းလို့ မရရင် အန်းဒရွိုက်ဖိုင်ထုတ် (APK) ကို သင့်စက်ထဲ ကူးယူထည့်သွင်းနိုင်ပါတယ်။
မေးတတ်တဲ့ မေးခွန်းများ—JW Library (Android)
မေးတတ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာကြည့်ပါ။