မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW.ORG ဝက်ဘ်ဆိုက်

JW.ORG ကို မိုဘိုင်းပစ္စည်းမှာ အသုံးပြုပုံ

JW.ORG ကို မိုဘိုင်းပစ္စည်းမှာ အသုံးပြုပုံ

ပုံမှန်ကွန်ပျူတာ မျက်နှာပြင်မှာ ပေါ်တဲ့ ဝက်ဘ်စာမျက်နှာတွေ၊ အသွင်အပြင်တွေ အားလုံးကို စမတ်ဖုန်း၊ တက်ဘလက်ပေါ်မှာလည်း တွေ့နိုင်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖန်သားပြင်က သေးတဲ့အတွက် အဲဒါနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်ပေးထားပါတယ်။ အောက်ပါ အကြံပြုချက်တွေက jw.org မှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာကို ရှာတွေ့နိုင်အောင် ကူညီပေးပါလိမ့်မယ်။

 အမျိုးအစားပြ သင်္ကေတတွေကို အသုံးပြုနည်း

ဝက်ဘ်စာမျက်နှာရဲ့ နဖူးစည်းတစ်လျှောက်မှာ အဓိက အပိုင်းကဏ္ဍတွေကို ဖော်ပြထားတယ်။ အဓိက အပိုင်းကဏ္ဍတစ်ခုကို နှိပ်လိုက်ရင် အမျိုးအစားစာရင်းတွေ ထပ်ပေါ်လာမယ်။

ဖုန်းမျက်နှာပြင် သေးမယ်ဆိုရင်တော့ အမျိုးအစားစာရင်းအကွက်က ဒေါင်လိုက် ပေါ်နေပါလိမ့်မယ်။ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာတွေကို ကြည့်နေတဲ့အခါမှာတော့ ဖန်သားပြင်အပြည့်မြင်နိုင်အောင် အဲဒီအကွက်ကို ဖျောက်ထားတယ်။

  • အမျိုးအစားစာရင်း အကွက်ကို ကြည့်ဖို့၊ ဖျောက်ဖို့ Menu ကို နှိပ်ပါ။ ပေါ်လာတဲ့ အပိုင်းကဏ္ဍတစ်ခု ဖွင့်ပါ။

  • အပိုင်းကဏ္ဍတစ်ခုက အမျိုးအစားခွဲထားတာတွေ ကြည့်ချင်ရင် ဖွင့် ကို နှိပ်ပါ။ ပေါ်လာတဲ့ အကြောင်းအရာတွေထဲက ထပ်ရွေးနိုင်ပါတယ်။

  • သိမ်း ကို နှိပ်ရင်တော့ ဖွင့်ထားတဲ့ စာရင်းကို ဖျောက်ပေးပါမယ်။

  • JW.ORG ကိုနှိပ်ရင် ပင်မစာမျက်နှာကို ပြန်ရောက်သွားမယ်။

  • ဘာသာစကားများကို နှိပ်ရင် ဘာသာစကားစာရင်းကို ပြပေးလိမ့်မယ်။

  • အကြောင်းအရာတစ်ခုကို ရှာချင်ရင် ရှာဖွေပါ ကို နှိပ်ပါ။

 စာစောင်တစ်ခုရဲ့ ဆောင်းပါးတွေ၊ အခန်းတွေကို ရှာနည်း

စခရင်အကြီးပေါ်မှာ ဆောင်းပါးတစ်ပုဒ်၊ အခန်းတစ်ခန်းကို ဖတ်နေတယ်ဆိုရင် မာတိကာ အမြဲ ပေါ်နေပါလိမ့်မယ်။ ဒါပေမဲ့ စခရင်အသေးဆိုရင်တော့ မာတိကာကို ဖျောက်ထားတယ်။

  • မာတိကာကို ကြည့်ချင်ရင် Show Panel ကို နှိပ်ပါ။ ခေါင်းစဉ်တစ်ခုကို နှိပ်လိုက်ရင် အဲဒီဆောင်းပါး ဒါမှမဟုတ် အဲဒီအခန်း ပေါ်လာပါလိမ့်မယ်။

  • အနောက်ဆောင်းပါး ဒါမှမဟုတ် အခန်းကို ကြည့်ချင်ရင် နောက်သို့ ကို နှိပ်ပါ။

  • အရှေ့ဆောင်းပါး ဒါမှမဟုတ် အခန်းကို ကြည့်ချင်ရင် ရှေ့သို့ ကို နှိပ်ပါ။

  • မာတိကာကို ဖျောက်ပြီး ဆောင်းပါး၊ အခန်းကို ဆက်ဖတ်ချင်ရင် Hide Panel ကို နှိပ်ပါ။

 အွန်လိုင်းကျမ်းစာ အသုံးပြုနည်း

စာကြည့်တိုက် > အွန်လိုင်းကျမ်းစာ ကိုနှိပ်ပြီး ကျမ်းစာကို ရွေးပါ။ ဒါမှမဟုတ် ပင်မစာမျက်နှာပေါ်က အွန်လိုင်းမှာ ကျမ်းစာဖတ်ပါ ဆိုတဲ့ လင့်ခ်ကို နှိပ်ပါ။ သတိ။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) ကို ဖတ်မယ်ဆိုရင် “လေ့လာမှုကျမ်းစာကို သုံးပါ” ဆောင်းပါးကို ကြည့်ပါ။

ပြပါ အကွက်ထဲမှာ ဖတ်လိုတဲ့ ကျမ်းစောင်နဲ့ အခန်းကြီးကို ရွေးချယ်ပြီး သွားပါ ကို နှိပ်ပါ။

  • ကျမ်းစာအုပ် ရှေ့ပိုင်းမှာပါတဲ့ အကြောင်းအရာတွေ၊ နောက်ဆက်တွဲတွေ၊ ကျမ်းစာမာတိကာတို့ကို ကြည့်ချင်ရင် Show Panel ကို နှိပ်ပါ။

  • ပြီးခဲ့တဲ့အခန်းကြီးကို ကြည့်ချင်ရင် နောက်သို့ ကို နှိပ်ပါ။

  • အရှေ့အခန်းကြီးကို ကြည့်ချင်ရင် ရှေ့သို့ ကို နှိပ်ပါ။

  • ကျမ်းစာမာတိကာကို ဖျောက်ထားချင်ရင် Hide Panel ကို နှိပ်ပါ။

 ဆောင်းပါး အသံသွင်းထားတာကို နားထောင်နည်း

သင်ဖတ်နေတဲ့ ဆောင်းပါးကို အသံသွင်းထားတာ ရှိရင် အော်ဒီယိုမျဉ်း ပေါ်လာမယ်။

  • အသံသွင်းထားတာကို နားထောင်ချင်ရင် ဖွင့် ကို နှိပ်ပါ။

  • အသံဖိုင်ကို ခေတ္တရပ်ထားချင်တယ်ဆိုရင် ခဏရပ် ကို နှိပ်ပါ။ ပြန်ဖွင့်ချင်ရင် ဖွင့် ကို နှိပ်ပါ။

  • Playhead ကိုရှေ့တိုး နောက်ဆုတ်လုပ်ပြီး ကိုယ်နားထောင်ချင်တဲ့ နေရာကို ရွှေ့နိုင်တယ်။

အသံဖိုင်ကို ဖွင့်နားထောင်နေရင်း ဆောင်းပါးအဆုံးပိုင်း ရောက်သွားရင်လည်း အော်ဒီယိုမျဉ်းက မီနူးဘားတန်းမှာ အမြဲ ပေါ်နေလိမ့်မယ်။ ဒါကြောင့် ဆောင်းပါးနေရာ ရွေ့သွားခြင်းမရှိဘဲ အသံဖိုင်ကို ခဏရပ်နိုင်၊ ပြန်ဖွင့်နိုင်ပါတယ်။