JW.ORG ဝက်ဘ်ဆိုက်
ဆောင်းပါး၊ ဗီဒီယို ဒါမှမဟုတ် စာပေအတွက် လင့်ခ် (Link) ကို ဝေမျှခြင်း
Jw.org/mya ဝက်ဘ်ဆိုက်ပေါ်က ဆောင်းပါး၊ ဗီဒီယို ဒါမှမဟုတ် စာပေတစ်ခုခုကို တခြားသူဆီ လင့်ခ်ပို့ပေးနိုင်ဖို့ ဝေမျှဆိုတဲ့ အသွင်အပြင်ကို အသုံးပြုပါ။
ဆောင်းပါး ဒါမှမဟုတ် ဗီဒီယိုတစ်ခုခုရဲ့ အောက်နားမှာရှိတဲ့ ဝေမျှသင်္ကေတကို နှိပ်ပြီး အဲဒီဝက်ဘ်စာမျက်နှာရဲ့ လင့်ခ်ကို ဝေမျှပါ။
စာပေတစ်မျိုးမျိုးရဲ့ ကူးယူရာမှာ ရွေးချယ်စရာများ မှာပါတဲ့ ဝေမျှသင်္ကေတကို နှိပ်ပြီး အဲဒီစာပေရဲ့ လင့်ခ်ကို ဝေမျှပါ။
ဝေမျှရာမှာ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်-
တစ်ခုက ဝေမျှမယ့် စာမျက်နှာအတွက် လင့်ခ်တစ်ခုပါရှိတဲ့ စာသားဖိုင် ရှိတယ်။ အဲဒီစာသားဖိုင်ထဲက လင့်ခ်ကို copy လုပ်ပါ၊ ပြီးနောက် အီးမေးလ် ဒါမှမဟုတ် မက်ဆေ့ချ်ဆီကို paste လုပ်ပါ။
အီးမေးလ်နဲ့ ဝေမျှ။ ဆောင်းပါး ဒါမှမဟုတ် စာပေရဲ့ ခေါင်းစဉ်ပါတဲ့ အီးမေးလ်တစ်ခု ဖန်တီးနိုင်ဖို့ ဒီလင့်ခ်ကို နှိပ်ပါ။