ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲ
သတင်းစာ ဖတ်တဲ့အခါ၊ ရုပ်မြင်သံကြား ကြည့်တဲ့အခါ၊ ရေဒီယို နားထောင်တဲ့အခါ ရာဇဝတ်မှု၊ စစ်မှု၊ အကြမ်းဖက်မှုအကြောင်း အများကြီး မြင်ရကြားရတယ်။ သင်ကိုယ်တိုင် ဖျားနေလို့ ဒါမှမဟုတ် ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားလို့ စိတ်သောကရောက်နေတာ ဖြစ်နိုင်တယ်။
ကိုယ့်ကိုယ်ကိုယ် မေးပါ–
ဘုရားသခင်က ငါနဲ့ ငါ့မိသားစုကို ဒီလိုဖြစ်စေချင်တာလား။
ငါ့ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်ကနေ အကူအညီ ရနိုင်သလဲ။
စစ်မှန်တဲ့ ငြိမ်သက်အေးချမ်းမှု ရနိုင်မလား။
ဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်စရာအဖြေ ကျမ်းစာမှာ ပါတယ်။
ဘုရားသခင်က ကမ္ဘာပေါ်မှာ ဒီလို အံ့ဖွယ်ကောင်းတဲ့အရာတွေ လုပ်ဆောင်ပေးမယ်လို့ ကျမ်းစာသွန်သင်တယ်။
အိုနာသေခြင်း ရှိတော့မှာ မဟုတ်ဘူး။—ဗျာဒိတ် ၂၁:၄
“ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။”—ဟေရှာယ ၃၅:၆
“မျက်မမြင်တွေ မျက်စိမြင်လာမယ်။”—ဟေရှာယ ၃၅:၅
လူသေတွေ အသက်ပြန်ရှင်လာမယ်။—ယောဟန် ၅:၂၈၊ ၂၉
ဘယ်သူမှ မဖျားတော့ဘူး။—ဟေရှာယ ၃၃:၂၄
ကမ္ဘာပေါ်မှာ စားစရာ အလျှံပယ်ရှိနေမယ်။—ဆာလံ ၇၂:၁၆
ကျမ်းစာသွန်သင်ရာကနေ ရရှိမယ့် အကျိုးကျေးဇူး
ရှေ့စာမျက်နှာမှာပါတဲ့ အချက်တွေဟာ စိတ်ကူးယဉ်သက်သက်ပါဆိုပြီး အလျင်စလို မထင်လိုက်ပါနဲ့။ ကမ္ဘာပေါ်မှာ အဲဒီလိုပြောင်းလဲမှုတွေ မကြာခင် ဖြစ်လာမယ်လို့ ဘုရားသခင် ကတိပြုထားပြီး ဘယ်လိုလုပ်ဆောင်ပေးမယ်ဆိုတာ ကျမ်းစာမှာ ရှင်းပြတယ်။
ဒါပေမဲ့ ကျမ်းစာမှာ အဲဒါထက်မက ဖော်ပြတယ်။ အခုချိန်မှာတောင် အမှန်တကယ် ပျော်စရာကောင်းတဲ့ အသက်တာမျိုး ဘယ်လိုရရှိနိုင်သလဲဆိုတာ သိဖို့ ကူညီပေးနိုင်တယ်။ သင့်ကို ပူပန်သောကရောက်စေတဲ့ အရာတွေကို ခဏစဉ်းစားကြည့်လိုက်ပါ။ အဲဒီအရာတွေထဲမှာ ငွေကြေးပြဿနာ၊ မိသားစုပြဿနာ၊ ကျန်းမာရေးမကောင်းတာ၊ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးတာတွေ ပါဝင်မယ်။ ကျမ်းစာက အဲဒီပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီနိုင်ပြီး အောက်ပါမေးခွန်းတွေကိုလည်း ဖြေဆိုပေးနိုင်တယ်–
သင် ဒီစာအုပ်ကိုဖတ်ရှုတာဟာ ကျမ်းစာသွန်သင်ချက်တွေကို သိချင်တယ်ဆိုတာ ဖော်ပြတယ်။ ဒီစာအုပ်က သင့်ကို ကူညီပေးပါလိမ့်မယ်။ စာပိုဒ်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို ဖော်ပြထားတယ်။ အဲဒါက ကျမ်းစာကို သင် ပိုနားလည်ဖို့ ကူညီပေးပါလိမ့်မယ်။ သန်းနဲ့ချီတဲ့လူတွေဟာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရတာကို နှစ်သက်ကြတယ်။ သင်လည်း နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ကျမ်းစာသွန်သင်ရာတွေကို လေ့လာတာနဲ့အမျှ သင့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ။
ကြိုက်လို ကြိုက်ငြား အကြောင်းအရာများ
ကျွန်တော်တို့အကြောင်း
ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ
ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီး မေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရရှိကြပါတယ်။ မိတ်ဆွေကော အဲဒီအဖြေတွေ သိချင်ပါသလား။
ကျွန်တော်တို့အကြောင်း
ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ
လူတွေကို အခမဲ့ ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေကို လူသိများကြတယ်။ ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲဆိုတာ လေ့လာကြည့်ပါ။
သမ္မာကျမ်းစာ သွန်သင်ရာများ