အပိုင်း

ဘုရားသခင်က ဘယ်သူလဲ

ဘုရားသခင်က ဘယ်သူလဲ

ဘုရားသခင် တစ်ပါးတည်း ရှိတယ်။​ နာမည်က ယေဟောဝါပါ။ (ဆာလံ ၈၃:၁၈) ဘုရားသခင်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်တယ်။ ကျွန်တော်တို့ကို ချစ်သလို ဘုရားကိုလည်း ပြန်ချစ်စေချင်တယ်။ လူလူချင်းကိုလည်း ချစ်စေချင်တယ်။ (မဿဲ ၂၂:၃၅-၄၀) အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်၊ အကြီးမြတ်ဆုံးအရှင် ဖြစ်တယ်။

တန်ခိုးကြီးတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးကို ဘုရားသခင် ဦးဆုံး ဖန်ဆင်းတယ်။ နောက်ပိုင်းမှာ သူ့ကို ယေရှုခရစ်လို့ သိလာကြတယ်။ ကောင်းကင်တမန်တွေကိုလည်း ယေဟောဝါ ဖန်ဆင်းတယ်။

ယေဟောဝါက ကောင်းကင်နဲ့ . . . မြေကြီးပေါ်မှာရှိတဲ့ အရာအားလုံးကို ဖန်ဆင်းတယ်။ ဗျာဒိတ် ၄:၁၁

ယေဟောဝါဘုရားက ကြယ်တွေ၊ ကမ္ဘာနဲ့ ကမ္ဘာပေါ်ရှိသမျှ အရာအားလုံးကို ဖန်ဆင်းတယ်။—ကမ္ဘာဦး ၁:၁

ပထမဆုံး လူယောက်ျားအာဒံကို မြေမှုန့်နဲ့ ဖန်ဆင်းခဲ့တယ်။—ကမ္ဘာဦး ၂:၇