အပိုင်း ၉

ကမ္ဘာမြေဟာ ဘယ်အချိန်မှာ သာယာလှပတဲ့ပရဒိသု ဖြစ်လာမလဲ

ကမ္ဘာမြေဟာ ဘယ်အချိန်မှာ သာယာလှပတဲ့ပရဒိသု ဖြစ်လာမလဲ

ဆင်းရဲဒုက္ခတွေက ဘုရားသခင့်နိုင်ငံတော် လာတော့မယ်ဆိုတာ ဖော်ပြတယ်။ လုကာ ၂၁:၁၀၊ ၁၁။ ၂ တိမောသေ ၃:၁-၅

ဒီခေတ်ကာလမှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်များစွာကို သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ လူတွေဟာ ငွေကို တပ်မက်သူ၊ မိဘစကား နားမထောင်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ အပျော်အပါး နှစ်သက်သူတွေ ဖြစ်လာမယ်လို့ ကြိုပြောထားတယ်။

မြေငလျင်ကြီးတွေ၊ စစ်ပွဲတွေ၊ အစားအစာရှားပါးမှုတွေ ဖြစ်လာပြီး ရောဂါထူပြောလာမယ်လို့ ကြိုပြောတယ်။ အခု အဲဒီအရာတွေ ဖြစ်ပျက်နေပြီ။

ဒါ့အပြင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟောပြောမယ်လို့လည်း ယေရှု ကြိုပြောခဲ့တယ်။—မဿဲ ၂၄:၁၄

ဘုရားသခင့်နိုင်ငံတော်က မကောင်းမှုအားလုံးကို ဖယ်ရှားပစ်မယ်။ ၂ ပေတရု ၃:၁၃

မကြာခင် ယေဟောဝါက ဆိုးသွမ်းမှုအားလုံးကို ဖျက်ဆီးပါလိမ့်မယ်။

စာတန်နဲ့ နတ်ဆိုးတွေ အပြစ်ပေးခံရတော့မယ်။

ဘုရားသခင့်စကား နားထောင်သူတွေ အသက်ရှင်လွတ်မြောက်ပြီး ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်မှာ နေရမယ်။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချပြီး မေတ္တာပြကြတဲ့အတွက် ကြောက်စရာမရှိဘူး။