အပိုင်း ၁၃

ဘုရားသခင့်မျက်နှာသာ ရဖို့ ဘာလုပ်ရမလဲ

ဘုရားသခင့်မျက်နှာသာ ရဖို့ ဘာလုပ်ရမလဲ

မကောင်းမှုကို ရှောင်ပါ။ ၁ ကောရိန္သု ၆:၉၊ ၁၀

ယေဟောဝါကို ချစ်မယ်ဆိုရင် ဘုရားမုန်းတဲ့အရာတွေကို လုပ်မှာ မဟုတ်ဘူး။

ယေဟောဝါက ခိုးတာ၊ သောက်ကြူးတာ၊ မူးယစ်ဆေးသုံးတာကို မလုပ်စေချင်ဘူး။

လူသတ်တာ၊ ကိုယ်ဝန်ဖျက် ချတာ၊ လိင်တူဆက်ဆံတာကို ဘုရားသခင် မုန်းတယ်။ လောဘကြီးတာ၊ ရန်ဖြစ်တာကိုလည်း မလုပ်စေချင်ဘူး။

ဝတ်ပြုရေးမှာ ရုပ်တုတွေ မသုံးရဘူး။ နတ်ဆိုးပညာ မလိုက်စားရဘူး။

ရောက်လာတော့မယ့် သာယာလှပတဲ့ မြေကြီးပရဒိသုမှာ လူဆိုးတွေအတွက် နေရာမရှိဘူး။

ကောင်းတာကို လုပ်ပါ။ မဿဲ ၇:၁၂

ဘုရားသခင့်မျက်နှာသာ ရဖို့ ဘုရားကို ကြိုးစားတုပရမယ်။

တခြားသူကို ကြင်နာမှု၊ ရက်ရောမှု တင်ပြခြင်းအားဖြင့် မေတ္တာပြပါ။

ရိုးသားပါ။

ကြင်နာပါ။ ခွင့်လွှတ်ပါ။

တခြားသူတွေကို ယေဟောဝါဘုရားနဲ့ နည်းလမ်းတော်တွေအကြောင်း ပြောပြပါ။—ဟေရှာယ ၄၃:၁၀