အပိုင်း ၁၄

ယေဟောဝါအပေါ် သစ္စာရှိကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ

ယေဟောဝါအပေါ် သစ္စာရှိကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ

ဘုရားသခင်ဘက်မှာ ရပ်တည်ပါ။ ၁ ပေတရု ၅:၆-၉

ကျမ်းစာနဲ့ မကိုက်ညီတဲ့ ဓလေ့ထုံးစံတွေကို ရှောင်ပါ။ ဒီလိုလုပ်ဖို့ သတ္တိလိုတယ်။

နိုင်ငံရေးမှာ ကြားနေပါ၊ သူတို့က ယေဟောဝါနဲ့ ဘုရားနိုင်ငံတော်ကို မထောက်ခံကြဘူး။

ဘုရားသခင့်စကား နားထောင်ပါ။ ဒါက မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ်။ မဿဲ ၇:၂၄၊ ၂၅

ယေဟောဝါသက်သေတွေနဲ့ ပူးပေါင်းပါ။ ဘုရားသခင်နဲ့ ရင်းနှီးအောင် သူတို့ ကူညီပေးပါလိမ့်မယ်။

ဘုရားသခင်အကြောင်း ဆက်လေ့လာပြီး ဘုရားပညတ်တွေကို ကြိုးစားလိုက်နာပါ။

ယုံကြည်ခြင်း ခိုင်ခံ့လာတဲ့အခါ သင့်အသက်တာကို ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသင့်တယ်။—မဿဲ ၂၈:၁၉

ဘုရားသခင့်စကား နားထောင်ပါ။ ကျမ်းစာ ဖတ်ပါ။ ကျမ်းစာကို နားလည်ဖို့ ယေဟောဝါသက်သေတွေဆီ အကူအညီတောင်းပါ။ သိရှိလာတဲ့အရာကို လက်တွေ့ကျင့်သုံးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ထာဝစဉ် အသက်ရှင်ပါလိမ့်ယ်။—ဆာလံ ၃၇:၂၉