အခန်း ၇

ယေရှုကို ကမ္ဘာပေါ် ဘာကြောင့် စေလွှတ်တာလဲ။

ယေရှုကို ကမ္ဘာပေါ် ဘာကြောင့် စေလွှတ်တာလဲ။

ယေဟောဝါက ယေရှုကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ ၁ ယောဟန် ၄:၉

ယေဟောဝါရဲ့ မျက်နှာသာ ရချင်တယ်ဆိုရင် အရေးပါတဲ့ နောက်ပုဂ္ဂိုလ်တစ်ဦးရဲ့ စကားကိုလည်း နားထောင်ရမယ်။ အာဒံကို မဖန်ဆင်းခင် နှစ်ပေါင်းများစွာကတည်းက ကောင်းကင်မှာ တန်ခိုးကြီးတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးကို ယေဟောဝါ ဖန်ဆင်းခဲ့တယ်။

အချိန်တန်တော့ မာရိလို့ခေါ်တဲ့ အပျိုကညာကနေ ဘက်သလီဟင်မြို့မှာ မွေးဖွားဖို့ ယေဟောဝါ လုပ်ဆောင်ခဲ့တယ်။ ဒီကလေးကို ယေရှုလို့ နာမည်ပေးခဲ့တယ်။—ယောဟန် ၆:၃၈

လူသားတစ်ယောက်အနေနဲ့ ယေရှုဟာ ဘုရားသခင့်အရည်အသွေးတွေကို အကောင်းဆုံး တင်ပြခဲ့တယ်။ ကြင်နာတယ်၊ မေတ္တာရှိတယ်၊ ချဉ်းကပ်ရလွယ်တယ်။ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားတွေကိုလည်း ရဲရင့်စွာ သွန်သင်ခဲ့တယ်။

ယေရှုဟာ ကောင်းတာ လုပ်ပေမဲ့ အမုန်းခံရတယ်။ ၁ ပေတရု ၂:၂၁-၂၄

ယေရှုက ဖျားနာသူတွေကို ကုသပေးပြီး လူသေတချို့ကို ပြန်ရှင်စေခဲ့တယ်။

ဂျူးဘာသာရေးခေါင်းဆောင်တွေက ယေရှုကို မုန်းကြတယ်။ အကြောင်းကတော့ ယေရှုဟာ သူတို့ရဲ့ မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့ ဆိုးညစ်တဲ့လုပ်ရပ်တွေကို ဖော်ထုတ်ခဲ့လို့ပဲ။

ယေရှုကို ရိုက်နှက်ဖို့၊ သတ်ပစ်ဖို့ ရောမစစ်သားတွေကို ဂျူးဘာသာရေးခေါင်းဆောင်တွေ သွေးထိုးခဲ့ကြတယ်။