အပိုင်း

ရေလွှမ်းမိုးဘေး သတိပေးချက်ကို ဘယ်သူတွေ နားထောင်ပြီး ဘယ်သူတွေ နားမထောင်ခဲ့ကြသလဲ

ရေလွှမ်းမိုးဘေး သတိပေးချက်ကို ဘယ်သူတွေ နားထောင်ပြီး ဘယ်သူတွေ နားမထောင်ခဲ့ကြသလဲ

နောဧခေတ်မှာ အများစုက မကောင်းတာတွေ လုပ်ကြတယ်။ ကမ္ဘာဦး ၆:၅

အာဒံနဲ့ ဧဝ သားသမီးတွေ ရလာပြီး မြေကြီးပေါ်မှာ လူတွေ များလာတယ်။ နောက်ပိုင်း၊ စာတန်ရဲ့ ပုန်ကန်မှုမှာ ကောင်းကင်တမန်တချို့ ပူးပေါင်းခဲ့ကြတယ်။

သူတို့ မြေကြီးကို ဆင်းလာပြီး မိန်းမယူဖို့ လူယောင်ဖန်ဆင်းလိုက်ကြတယ်။ မိန်းမတွေက ခွန်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝလွန်ကလေးတွေ မွေးဖွားလာတယ်။

ကမ္ဘာပေါ်မှာ မကောင်းမှုပြုတဲ့သူတွေ များလာတယ်။ ‘ကမ္ဘာပေါ်မှာ လူတွေ သိပ်ဆိုးသွမ်းနေပြီး လူတွေရဲ့ စိတ်အကြံအစည်ရှိသမျှဟာ အမြဲဆိုးညစ်နေတယ်’ လို့ ကျမ်းစာ ပြောတယ်။

နောဧက ဘုရားသခင့်စကား နားထောင်ပြီး သင်္ဘောဆောက်ခဲ့တယ်။ ကမ္ဘာဦး ၆:၁၃၊ ၁၄၊ ၁၈၊ ၁၉၊ ၂၂

နောဧဟာ လူကောင်းတစ်ယောက်ပါ။ လူဆိုးတွေကို ရေလွှမ်းမိုးဘေးကြီးနဲ့ ဖျက်ဆီးတော့မယ်လို့ နောဧကို ယေဟောဝါ ပြောခဲ့တယ်။

ဘုရားသခင်က နောဧကို သင်္ဘောကြီးတစ်စင်း ဆောက်ခိုင်းပြီး မိသားစုနဲ့ တိရစ္ဆာန်မျိုးစုံကို သွင်းခိုင်းတယ်။

ရေလွှမ်းမိုးဘေးအကြောင်း လူတွေကို နောဧ သတိပေးပေမဲ့ နားမထောင်ကြဘူး။ တချို့က နောဧကို လှောင်ပြောင်ကြတယ်။ မုန်းကြတယ်။

သင်္ဘော ဆောက်ပြီးသွားတဲ့အခါ နောဧက တိရစ္ဆာန်တွေကို သင်္ဘောထဲ သွင်းတယ်။