ကျမ်းစာလေ့လာမှုကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ

ကျမ်းစာလေ့လာမှုကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

အရင်ဆုံး ဒီခြုံငုံသုံးသပ်ချက်ကို ကြည့်ပါ။ ပြီးတဲ့နောက် ဗီဒီယို ဖွင့်ပါ။

ပထမအပိုင်း

သင်ခန်းစာတစ်ခု ပြင်ဆင်တဲ့အခါ ပထမအပိုင်းကို ဖတ်ပါ။ စာလုံးမည်းနဲ့ ဖော်ပြထားတဲ့ မေးခွန်းတွေ (က)၊ အဓိကအချက်တွေကို အလေးပေးထားတဲ့ ကျမ်းပိုဒ်တွေ (ခ) ကို ဖတ်ပါ။ တချို့ကျမ်းပိုဒ်တွေကို “ဖတ်ပါ” လို့ ဖော်ပြထားတယ်။

အလယ်ပိုင်း

ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍအောက်က နိဒါန်းဖော်ပြချက်က (ဂ) သုံးသပ်မယ့်အကြောင်းအရာကို သိစေတယ်။ ခေါင်းစဉ်ငယ်တွေက (ဃ) အဓိကအချက်တွေကို မိတ်ဆက်ပေးတယ်။ ကျမ်းစာသင်ပေးသူနဲ့အတူ ကျမ်းပိုဒ်တွေ ဖတ်ပါ။ မေးခွန်းတွေ ဖြေပါ။ ဗီဒီယိုတွေ ကြည့်ပါ။

ဗီဒီယို အကွက်တွေ ပါတယ်။ တချို့ဗီဒီယိုတွေက ဖြစ်ရပ်မှန်တွေ၊ တချို့ကတော့ လက်ရှိအခြေအနေကို ပုံဖော်ထားတဲ့ သရုပ်ဖော်ချက်တွေ ဖြစ်တယ်။

ပုံတွေ၊ ပုံစာတွေကို (င) သုံးသပ်ပါ။ လူတချို့အဆို (စ) ကို ဘယ်လို ဖြေမလဲ စဉ်းစားပါ။

နောက်ဆုံးအပိုင်း

အနှစ်ချုပ်၊ ပြန်လည်သုံးသပ်ခြင်း (ဆ) တို့နဲ့ နိဂုံးချုပ်တယ်။ သင်ခန်းစာပြီးတဲ့ နေ့စွဲကို ရေးပါ။ ရည်မှန်းပန်းတိုင် (ဇ) က သင်ယူခဲ့ရာတွေကို လိုက်နာနိုင်ဖို့ ကူညီပေးတယ်။ လေ့လာစရာ ထပ်ဖွေရှာ (စျ) မှာ ထပ်ဆင့်အကြောင်းအရာတွေ တွေ့ရပါမယ်။

ကျမ်းပိုဒ်တွေ ရှာနည်း

ကျမ်းစာမှာ ကျမ်းစောင် ၆၆ စောင် ပါတယ်။ ဟီဘရူး–အာရမိတ်ကျမ်းစောင်များ (ဓမ္မဟောင်းကျမ်း) နဲ့ ခရစ်ယာန် ဂရိကျမ်းစောင်များ (ဓမ္မသစ်ကျမ်း) ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။

ကျမ်းချက် ရည်ညွှန်းတဲ့အခါ ကျမ်းစောင် (က)၊ အခန်းကြီး (ခ)၊ အခန်းငယ် (ဂ) ဆိုပြီး ဖော်ပြတယ်။

ဥပမာ၊ ယောဟန် ၁၇:၃ ဆိုရင် ယောဟန်ကျမ်း အခန်းကြီး ၁၇၊ အခန်းငယ် ၃ ကို ဆိုလိုတယ်။