သင်ခန်းစာ ၁၇

ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ

ယေရှုဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ
စာတန်းထိုးပါ စာတန်းထိုး ပိတ်ပါ

ကမ္ဘာပေါ် ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေကို လေ့လာတဲ့အခါ ယေရှုရဲ့ အရည်အသွေးတွေကို သိလာတယ်။ ဒါက ယေရှုနဲ့ရော အဖဘုရား ယေဟောဝါနဲ့ပါ ပိုရင်းနှီးချင်စိတ် ပေါ်လာစေတယ်။ ယေရှုရဲ့ အရည်အသွေးကောင်းတချို့က ဘာတွေလဲ။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁။ ယေရှုဟာ အဖဘုရားနဲ့ ဘယ်လို တူသလဲ။

ကောင်းကင်မှာ ယေရှုဟာ မေတ္တာရှင်ဖခင် ယေဟောဝါဆီကနေ နှစ်သန်းပေါင်းများစွာ အနီးကပ် သင်ယူခဲ့တယ်။ ဒါကြောင့် အဖဘုရားလို တွေးခေါ်ခံစားတတ်လာတယ်၊ လုပ်ဆောင်တတ်လာတယ်။ (ယောဟန် ၅:၁၉ ကို ဖတ်ပါ။) ယေရှုက ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတဲ့အတွက် “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ပြောနိုင်ခဲ့တယ်။ (ယောဟန် ၁၄:၉) ယေရှုရဲ့ အရည်အသွေးတွေကို လေ့လာမယ်ဆိုရင် ယေဟောဝါကို ပိုသိကျွမ်းလာမယ်။ ဥပမာ၊ လူတွေကို ယေရှု ဂရုစိုက်ပုံက သင့်ကို ယေဟောဝါ အလွန်ဂရုစိုက်ကြောင်း ဖော်ပြတယ်။

၂။ ယေဟောဝါကို ချစ်ကြောင်း ယေရှု ဘယ်လို ဖော်ပြသလဲ။

“ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောက သိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၄:၃၁) ယေရှု ကမ္ဘာပေါ် ရှိတုန်းက ခက်ခဲတဲ့အချိန်မှာတောင် ဖခင်ကို နာခံခြင်းအားဖြင့် အလွန်ချစ်ကြောင်း ဖော်ပြတယ်။ ဖခင်ကို သိပ်ချစ်လို့ ဖခင်အကြောင်း လူတွေကို ပြောပြတယ်။ အဖဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေဖို့ ကူညီပေးတယ်။​—ယောဟန် ၁၄:၂၃

၃။ လူတွေကို ချစ်ကြောင်း ယေရှု ဘယ်လို ဖော်ပြသလဲ။

ယေရှုဟာ ‘လူသားတွေကို သိပ်ချစ်မြတ်နိုးတယ်’ လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၈:၃၁) လူတွေကို သိပ်ချစ်လို့ အားပေးစကား ပြောတယ်။ ကိုယ်ကျိုးမငဲ့ ကူညီပေးတယ်။ အံ့ဖွယ်အမှုတွေ လုပ်တာက တန်ခိုးရှိကြောင်း၊ သနားစာနာမှု ရှိကြောင်း ဖော်ပြတယ်။ (မာကု ၁:​၄၀-၄၂) လူတွေကို သနားကြင်နာတယ်။ မျက်နှာမလိုက်ဘူး။ သူ့စကားတွေက စိတ်ရင်းမှန်သူတွေကို နှစ်သိမ့်မှု ဖြစ်စေတယ်။ မျှော်လင့်ချက် ရှိစေတယ်။ လူတွေ၊ အထူးသဖြင့် မိမိသွန်သင်ချက် လိုက်နာသူတွေကို ချစ်တဲ့အတွက် ဝေဒနာခံစားပြီး သေဆုံးဖို့ တလိုတလား ရှိခဲ့တယ်။​—ယောဟန် ၁၅:​၁၃၊ ၁၄ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ယေရှုရဲ့ အရည်အသွေးတွေအကြောင်း၊ ယေရှုလို မေတ္တာနဲ့ ရက်ရောမှု ပြနိုင်ပုံအကြောင်း လေ့လာပါ။

၄။ အဖဘုရားကို ယေရှု ချစ်မြတ်နိုး

ယေရှုရဲ့ စံနမူနာက ဘုရားကို ချစ်ကြောင်း ပြနိုင်ပုံကို သင်ပေးတယ်။ လုကာ ၆:၁၂။ ယောဟန် ၁၅:၁၀ နဲ့ ၁၇:၂၆ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုကို အတုယူတဲ့အနေနဲ့ ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

ယေရှုက ကောင်းကင်ဘုံစံ ဖခင်ကို ချစ်လို့ ဆုတောင်းပြီး စကားပြောလေ့ရှိ

၅။ အကူအညီလိုနေသူတွေကို ယေရှုဂရုစိုက်

ယေရှုဟာ ကိုယ်ကျိုးထက် တခြားသူအကျိုးကို ရှေ့တန်းတင်တယ်။ ပင်ပန်းနေတာတောင် အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး လူတွေကို ကူညီပေးတယ်။ မာကု ၆:၃၀-၄၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို ဆွေးနွေးပါ။

  • ဒီမှတ်တမ်းအရ တခြားသူတွေကို ယေရှု ဘယ်လို ဂရုစိုက်သလဲ။​ —အခန်းငယ် ၃၁၊ ၃၄၊ ၄၁၊ ၄၂ တို့ကို ကြည့်ပါ။

  • လူတွေကို ကူညီဖို့ ယေရှုကို ဘာက လှုံ့ဆော်သလဲ။​—အခန်းငယ် ၃၄ ကို ကြည့်ပါ။

  • ယေရှုဟာ ယေဟောဝါရဲ့ အရည်အသွေးတွေကို အတုယူသူဖြစ်လို့ ဒီမှတ်တမ်းက ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ။

  • လူတွေအပေါ် ယေရှု ဂရုစိုက်ပုံကို ဘယ်နည်းတွေနဲ့ အတုယူနိုင်သလဲ။

၆။ ယေရှုဟာ ရက်ရောတယ်

ယေရှုဟာ မချမ်းသာပေမဲ့ ရက်ရောတယ်။ ရက်ရောကြဖို့လည်း အားပေးတယ်။ တမန်တော် ၂၀:၃၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို ဆွေးနွေးပါ။

  • ယေရှုရဲ့စကားအရ ပျော်ရွှင်ဖို့ ဘာလုပ်ရမလဲ။

ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို ဆွေးနွေးပါ။

  • ပစ္စည်းဥစ္စာ များများစားစား မရှိရင်တောင် ရက်ရောနိုင်တဲ့နည်းတချို့က ဘာတွေလဲ။

စိတ်ဝင်စားစရာအချက်

ယေရှုနာမည်ကတစ်ဆင့် ယေဟောဝါဆီ ဆုတောင်းဖို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၁၆:၂၃၊ ၂၄ ကို ဖတ်ပါ။) ဒီလိုဆုတောင်းရင် ယေဟောဝါနဲ့ ရင်းနှီးစေဖို့ ယေရှု လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ရာရောက်တယ်။

လူတချို့ အဆို။ “လူတွေ ဒုက္ခရောက်နေတာကို ဘုရား ဂရုမစိုက်ပါဘူး။”

  • အဖဘုရားရဲ့ အရည်အသွေးတွေကို အတုယူသူ ယေရှုရဲ့ လုပ်ရပ်တွေက ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ။

အနှစ်ချုပ်

ယေရှုက ယေဟောဝါနဲ့ လူတွေကို ချစ်တယ်။ အဖေတူသား ဖြစ်တဲ့ ယေရှုအကြောင်း ပိုသိလာတဲ့အခါ ယေဟောဝါအကြောင်း ပိုသိလာမယ်။

ပြန်လည်သုံးသပ်ခြင်း

  • ယေရှုလို ယေဟောဝါကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

  • ယေရှုလို လူတွေကို ချစ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

  • ယေရှုရဲ့ ဘယ်အရည်အသွေးကို အကြိုက်ဆုံးလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အတုယူစရာ ယေရှုရဲ့ အရည်အသွေးတချို့ကို ဖတ်ကြည့်ပါ။

“ယေရှုကို တုပပါ” (ယေရှု​—လမ်းခရီး၊ အမှန်တရား၊ အသက်၊ စာမျက်နှာ ၃၁၇)